“ကပ္ဆုိးေဘးဆုိးေတြကုိ ပယ္ေဖ်ာက္ေစဖုိ႔ စံကင္းဆရာေတာ္ဘုရားႀကီး၏ ဂါထာေတာ္ႀကီး”ကိုရြတ္ဖတ္ပူေဇာ္ေပးပါ
Zawgyi
ကပ္ဆုိးေဘးဆုိးေတြကုိ ပယ္ေဖ်ာက္ေစဖုိ႔ စံကင္းဆရာေတာ္ဘုရားႀကီးေဟာၾကားခဲ့တဲ့ ဂါထာေတာ္ႀကီး စံကင္း ဆရာေတာ္ၾကီးဟာဒီပါဠိေတာ္ၾကီးနဲ႔ သူတို႔ျမိဳ႕မွာျဖစ္တ့ဲ ကပ္ဆိုးေဘးၾကီးေတြကို ပယ္ေဖ်ာက္ေစခ့ဲတယ္။တစ္ခါေတာ့ ေရာဂါေဘးၾကီးေတြ က်ေရာက္လာလို႔လူေတြ တအားေသၾကတယ္ ။
ပရိတ္ရြတ္တာေတာင္ ေတာ္ေတာ္နဲ႔ မနိုင္ဘူးျဖစ္ေနတယ္။ ဒါ့ေၾကာင့္ စံကင္း ဆရာေတာ္က အ႒ာနေမတံပါဠိကိုပါ ထည့္ျပီး သံဃာေတာ္မ်ားကို ရြတ္ေစတယ္”“အ႒ာနေမတံ ပါဠိေတာ္ၾကီးကို ရြတ္မွပဲ ေသခါနီးလူနာေတြဟာ ေရာဂါေတြေပ်ာက္ကင္းျပီး အသက္ခ်မ္းသာရာ ျပန္ရ သြားၾကတယ္။
ကပ္ေရာဂါ ေဘးၾကီးလည္း ေပ်ာက္ကင္းသြားတယ္။ဆရာေတာ္ၾကီးဟာ အ႒ာနေမတံ ပါဠိေတာ္နဲ႔အတူ တစ္ျခားဂါထာသုံးဂါထာကိုလူလာတိုင္း ေန႔စဥ္ရြတ္ဖတ္ဖို႔ တိုက္တြန္းေလ့ရွိတယ္။“ဆရာေတာ္ၾကီးကိုယ္တိုင္ အသက္ရွည္က်န္းမာစြာနဲ႔ သာသနာျပဳ နိုင္တာဟာဒီပါဠိေတာ္ ေလးပုဒ္ေၾကာင့္ပဲလို႔ ယုံၾကည္ တယ္။
ဒ့ါေၾကာင့္ ဆရာေတာ္ရဲ႕ စံကင္းရြာမွာ ေလးေထာင့္ေက်ာက္တိုင္ၾကီး တစ္တိုင္စိုက္ျပီးဒီပါဠိေတာ္ ေလးပုဒ္ကို ေရးထားတယ္။ေန႔တိုင္း မရြတ္ျဖစ္ေတာင္ ေက်ာက္တိုင္ရွိရာ ေရာက္လာလို႔ တစ္ေန႔တစ္ခါရြတ္လည္း အကိ်ဳးမနည္းဘူး ဆိုတ့ဲ ရည္ရြယ္ခ်က္နဲ႔ဒီေက်ာက္တိုင္ၾကီးကို
စိုက္ခ့ဲတာပါစံကင္းဆရာေတာ္၏ သက္ရွည္က်န္းမာေလးဂါထာ ေက်ာက္စာရဲ႕ပထမမ်က္ႏွာက–ပါဠိ-အ႒ာန ေမတံ ဘိကၡေဝ အနဝကာေသာ ယံ ပရူပကၠေမန တထာဂတံ ဇီဝိတာ ေဝါေရာေပယ်။ အႏုပကၠေမန ဘိကၡေဝ တထာဂထာပရိနိဗၺာယႏၲိ ဧေတန သစၥေဇၨန ေသာတိၳ ေမ ေဟာတု သဗၺဒါ။
(ျမန္မာ)။ ။ ရဟန္းတို႔ သူတစ္ပါးတို႔၏ လုံ႔လပေယာဂျဖင့္ ဘုရားရွင္တို႔အား ဇီဝိတိေျႏၵမွ ခ်ျခင္းမည္သည္ မျဖစ္နိုင္ (လုပ္ၾကံသတ္ျဖတ္၍ရျခင္းဟူသည္ မျဖစ္နိုင္ဟုဆိုလို) “ရဟန္းတို႔ ဘုရားရွင္တို႔သည္ သက္တမ္းအစဥ္ အတိုင္းေန၍ မိမိအလိုလိုသာလ်ွင္ ပရိနိဗၺာန္ ဝင္စံၾကကုန္၏။ ဤမွန္ကန္ေသာ သစၥာစကားေၾကာင့္ ငါ့အား အျမဲတမ္း က်န္းမာျခင္း ခ်မ္းသာျခင္း ျဖစ္ပါေစ” တ့ဲ။
ဒုတိယမ်က္ႏွာက–ပါဠိ- ဒိဝါတပတိ အာဒိေစၥာ ရတိၱမာဘာတိ စႏိၵမာ။သႏၷေဒၶါ ခတိၱေယာ တပတိ စ်ာယီ တပတိ ျဗဟၼေဏာ။အထ သဗၺမေဟာရတိၱ ဗုေဒၶါတပတိ ေတဇသာ။တာဒိသံ ေတဇသမၸႏၷံ ဗုဒၶံ ဝႏၵာမိ အာဒရံ။နမကၠာရာႏုဘာေဝန သေဗၺ ပူေရႏၲဳ သကၤပၸါ။
(ျမန္မာ)။ ။ေနမင္းသည္ ေန႔အခါ၌သာလ်ွင္ တင့္တယ္၏။ လမင္းသည္ ညအခါ၌သာလ်ွင္ တင့္တယ္၏။ ျပည့္ရွင္မင္း သည္မင္းေျမာက္တန္ဆာဆင္ယင္ေသာ အခါ၌သာလ်ွင္ တင့္တယ္၏။
ရဟႏၲာပုဂၢိဳလ္သည္ စ်ာန္သမာပတ္ ဝင္စားေသာ အခါ၌သာလ်ွင္ တင့္တယ္သပၸါယ္၏။ဘုရားရွင္သည္ သီလ သမာဓိ ပညာ ပုည ဓမၼဟူေသာ တရားငါးမိ်ဳးတို႔ျဖင့္ ေန႔ေရာ ညပါ အျမဲတန္းတင့္တယ္၏။ထိုသို႔တန္ခိုးေတာ္ အနႏၲႏွင့္ ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရားကို ရိုေသစြာ ရွိခိုးပါ၏။ ဤသို႔ ရွိခိုးရေသာ တန္ခိုးတေဇာ္အာႏုေဘာ္ေၾကာင့္အၾကံစည္ မွန္သမ်ွ အလုံးစုံ ျပည့္ဝရပါလို၏” တ့ဲ
တတိယမ်က္ႏွာက –(ပါဠိ) နေမာ ေတ ပုရိသာဇည နေမာ ေတ ပုရိသုတၱမ။ နေမာ ေတ တိဏၰသံသာရ နေမာ ေတ အမတံ ဒဒ။(ျမန္မာ)။ ။ အာဇာနည္ေယာက်္ားျဖစ္ေတာ္မူေသာ ျမတ္စြာဘုရားအား ရွိခိုးပါ၏။ ျမင့္ျမတ္ေသာေယာက္်ားျဖစ္ေတာ္မူေသာ ျမတ္စြာဘုရားအား ရွိခိုးပါ၏။ သတၱဝါတို႔ကို သံသရာမွ ကူးေျမာက္ကယ္တင္တတ္ေသာ ျမတ္စြာဘုရားအား ရွိခိုးပါ၏။ မေသရာနိဗၺာန္ကို ေပးေတာ္မူတတ္ေသာ ျမတ္စြာဘုရားအား ရွိခိုးပါ၏-တ့ဲ။
စတုတၳမ်က္ႏွာက –ပါဠိ- ေယစ ဗုဒၶါ အတီတာ စ ေယစ ဗုဒၶါ အနာဂတာ။ ပစၥဳပၸႏၷာ စ ေယဗုဒၶါ အဟံ ဝႏၵာမိ သဗၺဒါ။(ျမန္မာ)။ ။ ပြင့္ေတာ္မူျပီးသမ်ွေသာ ဘုရားရွင္အားလုံးတို႔အား လည္းေကာင္း ပြင့္ေတာ္မူလတၱံ႔ေသာ ဘုရားရွင္ အားလုံး တို႔အားလည္းေကာင္း ပြင့္ေတာ္မူဆဲ ဘုရားရွင္အားလုံးတို႔အား လည္းေကာင္း တပည့္ေတာ္သည္ အခါခပ္သိမ္း ရွိခိုးပါ၏ တ့ဲ” ခရက္ဒစ္
Unicode
ကပ်ဆိုးဘေးဆိုးတွေကို ပယ်ဖျောက်စေဖို့ စံကင်းဆရာတော်ဘုရားကြီးဟောကြားခဲ့တဲ့ ဂါထာတော်ကြီး စံကင်း ဆရာတော်ကြီးဟာဒီပါဠိတော်ကြီးနဲ့ သူတို့မြို့မှာဖြစ်တဲ့ ကပ်ဆိုးဘေးကြီးတွေကို ပယ်ဖျောက်စေခဲ့တယ်။တစ်ခါတော့ ရောဂါဘေးကြီးတွေ ကျရောက်လာလို့လူတွေ တအားသေကြတယ် ။
ပရိတ်ရွတ်တာတောင် တော်တော်နဲ့ မနိုင်ဘူးဖြစ်နေတယ်။ ဒါ့ကြောင့် စံကင်း ဆရာတော်က အဋ္ဌာနမေတံပါဠိကိုပါ ထည့်ပြီး သံဃာတော်များကို ရွတ်စေတယ်”“အဋ္ဌာနမေတံ ပါဠိတော်ကြီးကို ရွတ်မှပဲ သေခါနီးလူနာတွေဟာ ရောဂါတွေပျောက်ကင်းပြီး အသက်ချမ်းသာရာ ပြန်ရ သွားကြတယ်။
ကပ်ရောဂါ ဘေးကြီးလည်း ပျောက်ကင်းသွားတယ်။ဆရာတော်ကြီးဟာ အဋ္ဌာနမေတံ ပါဠိတော်နဲ့အတူ တစ်ခြားဂါထာသုံးဂါထာကိုလူလာတိုင်း နေ့စဉ်ရွတ်ဖတ်ဖို့ တိုက်တွန်းလေ့ရှိတယ်။“ဆရာတော်ကြီးကိုယ်တိုင် အသက်ရှည်ကျန်းမာစွာနဲ့ သာသနာပြု နိုင်တာဟာဒီပါဠိတော် လေးပုဒ်ကြောင့်ပဲလို့ ယုံကြည် တယ်။
ဒ့ါကြောင့် ဆရာတော်ရဲ့ စံကင်းရွာမှာ လေးထောင့်ကျောက်တိုင်ကြီး တစ်တိုင်စိုက်ပြီးဒီပါဠိတော် လေးပုဒ်ကို ရေးထားတယ်။နေ့တိုင်း မရွတ်ဖြစ်တောင် ကျောက်တိုင်ရှိရာ ရောက်လာလို့ တစ်နေ့တစ်ခါရွတ်လည်း အကျိုးမနည်းဘူး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဒီကျောက်တိုင်ကြီးကို
စိုက်ခဲ့တာပါစံကင်းဆရာတော်၏ သက်ရှည်ကျန်းမာလေးဂါထာ ကျောက်စာရဲ့ပထမမျက်နှာက–ပါဠိ-အဋ္ဌာန မေတံ ဘိက္ခဝေ အနဝကာသော ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန ဘိက္ခဝေ တထာဂထာပရိနိဗ္ဗာယန္တိ ဧတေန သစ္စဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
(မြန်မာ)။ ။ ရဟန်းတို့ သူတစ်ပါးတို့၏ လုံ့လပယောဂဖြင့် ဘုရားရှင်တို့အား ဇီဝိတိန္ဒြေမှ ချခြင်းမည်သည် မဖြစ်နိုင် (လုပ်ကြံသတ်ဖြတ်၍ရခြင်းဟူသည် မဖြစ်နိုင်ဟုဆိုလို) “ရဟန်းတို့ ဘုရားရှင်တို့သည် သက်တမ်းအစဉ် အတိုင်းနေ၍ မိမိအလိုလိုသာလျှင် ပရိနိဗ္ဗာန် ဝင်စံကြကုန်၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် ငါ့အား အမြဲတမ်း ကျန်းမာခြင်း ချမ်းသာခြင်း ဖြစ်ပါစေ” တဲ့။
ဒုတိယမျက်နှာက–ပါဠိ- ဒိဝါတပတိ အာဒိစ္စော ရတ္တိမာဘာတိ စန္ဒိမာ။သန္နဒ္ဓေါ ခတ္တိယော တပတိ ဈာယီ တပတိ ဗြဟ္မဏော။အထ သဗ္ဗမဟောရတ္တိ ဗုဒ္ဓေါတပတိ တေဇသာ။တာဒိသံ တေဇသမ္ပန္နံ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။နမက္ကာရာနုဘာဝေန သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။
(မြန်မာ)။ ။နေမင်းသည် နေ့အခါ၌သာလျှင် တင့်တယ်၏။ လမင်းသည် ညအခါ၌သာလျှင် တင့်တယ်၏။ ပြည့်ရှင်မင်း သည်မင်းမြောက်တန်ဆာဆင်ယင်သော အခါ၌သာလျှင် တင့်တယ်၏။
ရဟန္တာပုဂ္ဂိုလ်သည် ဈာန်သမာပတ် ဝင်စားသော အခါ၌သာလျှင် တင့်တယ်သပ္ပါယ်၏။ဘုရားရှင်သည် သီလ သမာဓိ ပညာ ပုည ဓမ္မဟူသော တရားငါးမျိုးတို့ဖြင့် နေ့ရော ညပါ အမြဲတန်းတင့်တယ်၏။ထိုသို့တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပါ၏။ ဤသို့ ရှိခိုးရသော တန်ခိုးတဇော်အာနုဘော်ကြောင့်အကြံစည် မှန်သမျှ အလုံးစုံ ပြည့်ဝရပါလို၏” တဲ့
တတိယမျက်နှာက –(ပါဠိ) နမော တေ ပုရိသာဇည နမော တေ ပုရိသုတ္တမ။ နမော တေ တိဏ္ဏသံသာရ နမော တေ အမတံ ဒဒ။(မြန်မာ)။ ။ အာဇာနည်ယောကျ်ားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ မြင့်မြတ်သောယောက်ျားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ သတ္တဝါတို့ကို သံသရာမှ ကူးမြောက်ကယ်တင်တတ်သော မြတ်စွာဘုရားအား ရှိခိုးပါ၏။ မသေရာနိဗ္ဗာန်ကို ပေးတော်မူတတ်သော မြတ်စွာဘုရားအား ရှိခိုးပါ၏-တဲ့။
စတုတ္ထမျက်နှာက –ပါဠိ- ယေစ ဗုဒ္ဓါ အတီတာ စ ယေစ ဗုဒ္ဓါ အနာဂတာ။ ပစ္စုပ္ပန္နာ စ ယေဗုဒ္ဓါ အဟံ ဝန္ဒာမိ သဗ္ဗဒါ။(မြန်မာ)။ ။ ပွင့်တော်မူပြီးသမျှသော ဘုရားရှင်အားလုံးတို့အား လည်းကောင်း ပွင့်တော်မူလတ္တံ့သော ဘုရားရှင် အားလုံး တို့အားလည်းကောင်း ပွင့်တော်မူဆဲ ဘုရားရှင်အားလုံးတို့အား လည်းကောင်း တပည့်တော်သည် အခါခပ်သိမ်း ရှိခိုးပါ၏ တဲ့” ခရက်ဒစ်