တစ္ႀကိမ္ဘုရားရွိခိုးလိုက္တိုင္း လူတစ္သိန္းေက်ာ္ကိုေကြၽးရတာနဲ႔ညီမွ်တဲ့ ကုသိုလ္တရားတိုးပြားေစတဲ့ဘုရားရွိခိုးနည္း
Zawgyi
တစ္ႀကိမ္ဘုရားရွိခိုးလိုက္တိုင္း လူတစ္သိန္းေက်ာ္ကိုေကြၽးရတာနဲ႔ညီမွ်တဲ့ ကုသိုလ္တရားတိုးပြားေစတဲ့ဘုရားရွိခိုးနည္း
တန္ဖိုးထားရပါေသာဓမၼမိတ္ေဆြမ်ားအားကြၽန္ေတာ္(၁၅)ႏွစ္သားအ႐ြယ္ေလာက္ကမေကြးတိုင္းေဒသႀကီး ပခုကၠဴၿမိဳ႕မဟာဝိဇယာရာမပါဠိတကၠသိုလ္အေရွ႕တိုက္တိုက္အုပ္ဆရာေတာ္ဘုရားႀကီးဦးမာလာမွေပးအပ္ခဲ့ေသာဘုရားရွိခိုးနည္းကိုေျပာျပေပးလိုပါတယ္
၎ဘုရားရွိခိုးနည္းကို မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီးလည္းယခုဘုရားရွိခိုးနည္းျဖင့္အၿမဲတမ္းရွိခိုးတယ္ဟုသိရွိရပါတယ္ယခုဘုရားရွိခိုးနည္းဟာမိ႐ိုဖလာဗုဒၶဘာသာမွေထရဝါဒဗုဒၶဘာသာဝင္ျဖစ္ေအာင္ဘုရားရွိခိုးနည္းလို႔လည္းေျပာလို႔ရသလို
မိမိတို႔အေနျဖင့္တစ္ႀကိမ္ဘုရားရွိခိုးလိုက္တိုင္းလူတစ္သိန္းေက်ာ္ကိုေကြၽးေမြးရတာႏွင့္ကုသိုလ္ရရွိတာျခင္းတူညီတဲ့ဘုရားရွိခိုးနည္းလို႔လည္းေျပာလိုရပါလိမ့္မယ္ခင္ဗ်ာကုသိုလ္တရားတိုးပြားေအာင္ဘယ္လို ဘုရားရွိခိုးရမလဲဆိုရင္
မိမိတို႔၏မၿမဲေသာ ဤခႏၶာကိုယ္ကို ကိေလသာ အပူခပ္သိမ္းမွ ကင္းၿငိမ္းေတာ္မူၿပီးေသာ ဘုရား တရား သံဃာအား လႉဒါန္းပါ၏ ဘုရားဟုႏူတ္က႐ြတ္ဆိုကာထိ့ျခင္းငါးပါးျဖင့္တစ္ႀကိမ္ရွိခိုးလိုက္ပါ
မိမိတို႔၏ဆင္းရဲေသာဤခႏၶာကိုယ္ကို ကိေလသာ အပူခပ္သိမ္းမွ ကင္းၿငိမ္းေတာ္မူၿပီးေသာ ဘုရား တရား သံဃာအား လႉဒါန္းပါ၏ဘုရားဟုႏူတ္က႐ြတ္ဆိုကာထိ့ျခင္းငါးပါးျဖင့္ေနာက္တစ္ႀကိမ္ ရွိခိုးလိုက္ပါ
မိမိတို႔၏အစိုးမရေသာဤခႏၶာကိုယ္ကို ကိေလသာ အပူခပ္သိမ္းမွ ကင္းၿငိမ္းေတာ္မူၿပီးေသာ ဘုရား တရား သံဃာအားလႉဒါန္းပါ၏ဘုရားဆိုၿပီးႏူတ္က႐ြတ္ဆိုကာထပ္မွန္း၍တစ္ႀကိမ္ ရွိခိုးလိုက္ပါ
အထက္ပါနည္းအတိုင္းရတနာသုံးပါးကိုသုံးႀကိမ္သုံးခါ ရွိခိုးပူေဇာ္ရမည္ျဖစ္ၿပီးထိုဘုရားရွိခိုးနည္းဟာအင္မတန္ အက်ိဳးမ်ားေသာဘုရားရွိခိုးနည္းျဖစ္ပါတယ္ခင္ဗ်ာဘာေၾကာင့္အက်ိဳးမ်ားရလည္းဆိုရင္
မိမိတို႔၏မၿမဲေသာ မိမိခႏၶာကိုယ္ႀကီးကို မၿမဲတဲ့အေၾကာင္းပြားတာသည္ဝိပႆနာတရားေတာ္ျဖစ္ၿပီးမၿမဲျခင္း၊ဆင္းရဲျခင္း၊အစိုးမရျခင္းပင္ျဖစ္ေပလိမ့္မည္ထို႔အျပင္ ကိေလသာမရွိတဲ့ဘုရား ကိေလသာကင္းေၾကာင္းျဖစ္တဲ့တရား
ကိေလသာကင္းၿပီးတဲ့ သံဃာေတြကို အာ႐ုံျပဳတာသည္သမထဘဲျဖစ္ပါတယ္မိမိတို႔၏ႏူတ္ကလႉဒါန္းပါ၏ဆိုတာကဒါနကုသိုလ္ဘဲျဖစ္ပါတယ္ဓမၼမိတ္ေဆြမ်ားအားကြၽန္ေတာ္ယခုေျပာျပေဆြးေႏြးတဲ့ဘုရားရွိခိုးနည္းဟာ
ဒါနေရာ သမထေရာ ဝိပႆနာေရာကုသိုလ္ အကုန္လုံးပါသြားတဲ့ဘုရားရွိခိုးနည္းဘဲျဖစ္ပါတယ္ထို႔ဘုရားရွိခိုးနည္းကိုမိမိတို႔အေနျဖင့္ေန႔စဥ္ျမတ္စြာဘုရားရွင္အားရည္မွန္း၍ဆြမ္း ပန္း ေရခ်မ္း ဆီမီးကပ္လႉတိုင္းႏူတ္က႐ြတ္ဆိုးၿပီးဘုရားရွိခိုးေစခ်င္ပါတယ္ခင္ဗ်ာ
ခရက္ဒစ္ ေဒါက္တာလွဝင္းေအာင္(ခ)ဘစိုးဥ
Uniocde
တစ်ကြိမ်ဘုရားရှိခိုးလိုက်တိုင်း လူတစ်သိန်းကျော်ကိုကျွေးရတာနဲ့ညီမျှတဲ့ ကုသိုလ်တရားတိုးပွားစေတဲ့ဘုရားရှိခိုးနည်း
တန်ဖိုးထားရပါသောဓမ္မမိတ်ဆွေများအားကျွန်တော်(၁၅)နှစ်သားအရွယ်လောက်ကမကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မဟာဝိဇယာရာမပါဠိတက္ကသိုလ်အရှေ့တိုက်တိုက်အုပ်ဆရာတော်ဘုရားကြီးဦးမာလာမှပေးအပ်ခဲ့သောဘုရားရှိခိုးနည်းကိုပြောပြပေးလိုပါတယ်
၎င်းဘုရားရှိခိုးနည်းကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးလည်းယခုဘုရားရှိခိုးနည်းဖြင့်အမြဲတမ်းရှိခိုးတယ်ဟုသိရှိရပါတယ်ယခုဘုရားရှိခိုးနည်းဟာမိရိုဖလာဗုဒ္ဓဘာသာမှထေရဝါဒဗုဒ္ဓဘာသာဝင်ဖြစ်အောင်ဘုရားရှိခိုးနည်းလို့လည်းပြောလို့ရသလို
မိမိတို့အနေဖြင့်တစ်ကြိမ်ဘုရားရှိခိုးလိုက်တိုင်းလူတစ်သိန်းကျော်ကိုကျွေးမွေးရတာနှင့်ကုသိုလ်ရရှိတာခြင်းတူညီတဲ့ဘုရားရှိခိုးနည်းလို့လည်းပြောလိုရပါလိမ့်မယ်ခင်ဗျာကုသိုလ်တရားတိုးပွားအောင်ဘယ်လို ဘုရားရှိခိုးရမလဲဆိုရင်
မိမိတို့၏မမြဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ ဘုရားဟုနူတ်ကရွတ်ဆိုကာထိ့ခြင်းငါးပါးဖြင့်တစ်ကြိမ်ရှိခိုးလိုက်ပါ
မိမိတို့၏ဆင်းရဲသောဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ဘုရားဟုနူတ်ကရွတ်ဆိုကာထိ့ခြင်းငါးပါးဖြင့်နောက်တစ်ကြိမ် ရှိခိုးလိုက်ပါ
မိမိတို့၏အစိုးမရသောဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအားလှူဒါန်းပါ၏ဘုရားဆိုပြီးနူတ်ကရွတ်ဆိုကာထပ်မှန်း၍တစ်ကြိမ် ရှိခိုးလိုက်ပါ
အထက်ပါနည်းအတိုင်းရတနာသုံးပါးကိုသုံးကြိမ်သုံးခါ ရှိခိုးပူဇော်ရမည်ဖြစ်ပြီးထိုဘုရားရှိခိုးနည်းဟာအင်မတန် အကျိုးများသောဘုရားရှိခိုးနည်းဖြစ်ပါတယ်ခင်ဗျာဘာကြောင့်အကျိုးများရလည်းဆိုရင်
မိမိတို့၏မမြဲသော မိမိခန္ဓာကိုယ်ကြီးကို မမြဲတဲ့အကြောင်းပွားတာသည်ဝိပဿနာတရားတော်ဖြစ်ပြီးမမြဲခြင်း၊ဆင်းရဲခြင်း၊အစိုးမရခြင်းပင်ဖြစ်ပေလိမ့်မည်ထို့အပြင် ကိလေသာမရှိတဲ့ဘုရား ကိလေသာကင်းကြောင်းဖြစ်တဲ့တရား
ကိလေသာကင်းပြီးတဲ့ သံဃာတွေကို အာရုံပြုတာသည်သမထဘဲဖြစ်ပါတယ်မိမိတို့၏နူတ်ကလှူဒါန်းပါ၏ဆိုတာကဒါနကုသိုလ်ဘဲဖြစ်ပါတယ်ဓမ္မမိတ်ဆွေများအားကျွန်တော်ယခုပြောပြဆွေးနွေးတဲ့ဘုရားရှိခိုးနည်းဟာ
ဒါနရော သမထရော ဝိပဿနာရောကုသိုလ် အကုန်လုံးပါသွားတဲ့ဘုရားရှိခိုးနည်းဘဲဖြစ်ပါတယ်ထို့ဘုရားရှိခိုးနည်းကိုမိမိတို့အနေဖြင့်နေ့စဉ်မြတ်စွာဘုရားရှင်အားရည်မှန်း၍ဆွမ်း ပန်း ရေချမ်း ဆီမီးကပ်လှူတိုင်းနူတ်ကရွတ်ဆိုးပြီးဘုရားရှိခိုးစေချင်ပါတယ်ခင်ဗျာ
ခရက်ဒစ် ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ