ႏိုင္ငံ့အတြက္ ႀကိဳးပမ္းခဲ့တဲ့ ေထာင္ထဲကကေလးေတြအတြက္ ဖြယ္ဖြယ္ရာရာခ်က္ျပဳတ္ၿပီး ပို႔ေပးခဲ့တဲ့ ေစတနာရွင္မ်ား

Zawgyi

ႏိုင္ငံ့အတြက္ ႀကိဳးပမ္းခဲ့တဲ့ ေထာင္ထဲကကေလးေတြအတြက္ ဖြယ္ဖြယ္ရာရာခ်က္ျပဳတ္ၿပီး ပို႔ေပးခဲ့တဲ့ ေစတနာရွင္မ်ား

ျပည္သူေတြကေတာ့ ဒီကာလမွာ တစ္ေယာက္ကိုတစ္ေယာက္ ႐ိုင္းပင္းကူညီေနၾကတာျဖစ္ၿပီး အခ်င္းခ်င္း အျပန္အလွန္ေဖးမရင္းနဲ႔ပဲ ေရွ႕ဆက္ေနရတာ ျဖစ္ပါတယ္။

လူထုလႈပ္ရွားမႈျပဳလုပ္ေနတဲ့သူေတြ အစြမ္းကုန္ႀကိဳးစားေပးေနသလို အေနာက္ကေန ပံ့ပိုးကူညီေပးေနတဲ့သူေတြကလည္း လိုအပ္တာေတြကို ျဖည့္ဆည္းေပးေနတာ ျဖစ္ပါတယ္။

အခုလည္း ေစတနာရွင္ျပည္သူတစ္ဦးက ေထာင္ထဲက ကေလးေတြစားဖို႔အတြက္ ကိုယ္တိုင္ခ်က္ျပဳတ္ျပင္ဆင္ေပးခဲ့တာ ျဖစ္ပါတယ္။

ေစတနာရွင္အမ်ိဳးသမီးက ကေလးေတြကို စားခ်င္ေစတဲ့ေစတနာနဲ႔ ဖြယ္ဖြယ္ရာရာေလးေတြ ခ်က္ျပဳတ္ျပင္ဆင္ၿပီး ပို႔ေပးခဲ့တာ ျဖစ္ပါတယ္။

သူမကေတာ့ ကေလးေတြအတြက္ ငံျပာရည္ေၾကာ္၊ ငါးပိေၾကာ္၊ အေျခာက္အျခမ္းေၾကာ္၊လက္ဖက္ႏွပ္နဲ႔ ႏွစ္ျပန္ေၾကာ္ေတြအျပင္ ေဆးဝါးနဲ႔ လစဥ္သုံးပစၥည္းေတြပါ ထည့္ေပးခဲ့တာ ျဖစ္ပါတယ္။

သူမအေနနဲ႔ ေထာင္ထဲမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ကေလးေတြကို အိမ္ခ်က္လက္ရာေလးေတြ စားေစခ်င္တာေၾကာင့္ အခုလိုလႉဒါန္းေပးခဲ့တာပဲ ျဖစ္ပါတယ္။

အစားအေသာက္ေတြ ပို႔ေပးခဲ့တဲ့အျပင္ ကေလးေတြ စိတ္ခြန္အားျဖစ္ေစဖို႔အတြက္လည္း စာေလးေတြပါေရးသားၿပီး ထည့္ေပးခဲ့ေသးတာ ျဖစ္ပါတယ္။

ကေလးေတြကလည္း သူမေရးထားတဲ့စာေတြကို ဖတ္ျပတဲ့သူတစ္ဆင့္ ၾကားသိရၿပီး ငိုတဲ့သူက ငိုၾကသလို သေဘာက်လို႔ ရယ္တဲ့သူကလည္း ရယ္ၾကတယ္လို႔ ေျပာျပထားတာ ျဖစ္ပါတယ္။

ကေလးေတြက အျပင္ကလူေတြကို သူတို႔အဆင္ေျပပါတယ္လို႔ေျပာေပမယ့္လည္း တကယ္တမ္းမွာေတာ့ ပါဆယ္ထုပ္ေလးေတြကို ေမွ်ာ္ေနၾကတာပဲ ျဖစ္ပါတယ္။

ေစတနာရွင္အမ်ိဳးသမီးရဲ႕အလႉကို ျပည္သူေတြကလည္း ခ်ီးက်ဴးၾကတဲ့အျပင္ လိုအပ္တာေတြပါ ဝိုင္းဝန္းလႉဒါန္းေပးေနၾကတာ ျဖစ္ပါတယ္ ။

Unicode

နိုင်ငံ့အတွက် ကြိုးပမ်းခဲ့တဲ့ ထောင်ထဲကကလေးတွေအတွက် ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြီး ပို့ပေးခဲ့တဲ့ စေတနာရှင်များ

ပြည်သူတွေကတော့ ဒီကာလမှာ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီနေကြတာဖြစ်ပြီး အချင်းချင်း အပြန်အလှန်ဖေးမရင်းနဲ့ပဲ ရှေ့ဆက်နေရတာ ဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့သူတွေ အစွမ်းကုန်ကြိုးစားပေးနေသလို အနောက်ကနေ ပံ့ပိုးကူညီပေးနေတဲ့သူတွေကလည်း လိုအပ်တာတွေကို ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။

အခုလည်း စေတနာရှင်ပြည်သူတစ်ဦးက ထောင်ထဲက ကလေးတွေစားဖို့အတွက် ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။

စေတနာရှင်အမျိုးသမီးက ကလေးတွေကို စားချင်စေတဲ့စေတနာနဲ့ ဖွယ်ဖွယ်ရာရာလေးတွေ ချက်ပြုတ်ပြင်ဆင်ပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

သူမကတော့ ကလေးတွေအတွက် ငံပြာရည်ကြော်၊ ငါးပိကြော်၊ အခြောက်အခြမ်းကြော်၊လက်ဖက်နှပ်နဲ့ နှစ်ပြန်ကြော်တွေအပြင် ဆေးဝါးနဲ့ လစဉ်သုံးပစ္စည်းတွေပါ ထည့်ပေးခဲ့တာ ဖြစ်ပါတယ်။

သူမအနေနဲ့ ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးတွေကို အိမ်ချက်လက်ရာလေးတွေ စားစေချင်တာကြောင့် အခုလိုလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

အစားအသောက်တွေ ပို့ပေးခဲ့တဲ့အပြင် ကလေးတွေ စိတ်ခွန်အားဖြစ်စေဖို့အတွက်လည်း စာလေးတွေပါရေးသားပြီး ထည့်ပေးခဲ့သေးတာ ဖြစ်ပါတယ်။

ကလေးတွေကလည်း သူမရေးထားတဲ့စာတွေကို ဖတ်ပြတဲ့သူတစ်ဆင့် ကြားသိရပြီး ငိုတဲ့သူက ငိုကြသလို သဘောကျလို့ ရယ်တဲ့သူကလည်း ရယ်ကြတယ်လို့ ပြောပြထားတာ ဖြစ်ပါတယ်။

ကလေးတွေက အပြင်ကလူတွေကို သူတို့အဆင်ပြေပါတယ်လို့ပြောပေမယ့်လည်း တကယ်တမ်းမှာတော့ ပါဆယ်ထုပ်လေးတွေကို မျှော်နေကြတာပဲ ဖြစ်ပါတယ်။

စေတနာရှင်အမျိုးသမီးရဲ့အလှူကို ပြည်သူတွေကလည်း ချီးကျူးကြတဲ့အပြင် လိုအပ်တာတွေပါ ဝိုင်းဝန်းလှူဒါန်းပေးနေကြတာ ဖြစ်ပါတယ် ။