Zawgyi
Unicode
စီးပွားကျဆင်းနေပြီး ဒုက္ခတွေနဲ့ရင်ဆိုင် နေရရင် ဒါလေးလုပ်လိုက်ပါ အားလုံး အဆင်းပြေ သွားပါလိမ့်မယ်
ပရိသတ်ကြီးကို အခုပြောပြ ပေးမှာကတော့ စီးပွား ကျဆင်းနေပြီး ဒုက္ခတွေနဲ့ရင်ဆိုင် နေရပြီဆိုရင် မဟာသမယသုတ်ရွတ်ဆိုချင်းဖြင့်အဆင်ပြေ နိုင်တယ် ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။
သေချင်လောက်အောင် စိတ်ဓာတ် ကျနေလား ဘဝမှာ အခက်အခဲမျိုးစုံ ရင်ဆိုင် ကြုံတွေ့ နေရပြီလား စိတ်မပူပါနဲ့မဟာသမယသုတ် ပရိတ်တော် မြတ်ကြီးကိုသာ ယုံကြည်လေးနက်စွာပူဇော် လိုက်ပါ။
မဟာသမယသုတ်ပရိတ်တော်မြတ်ကြီးကိုစပူဇော်ကာစမှာအလွတ် ရစရာ မလိုပါဘူး စာအုပ်ကို ကြည့်ပြီး ပူဇော်တတ်ရင်ပဲ ရနေ ပါပြီ စပြီး ပူဇော်ကြည့်ယုံနဲ့ မိမိရဲ့စိတ်အနေဘယ်လောက်အေးချမ်း လာတယ် ဆိုတာ သိလာ ရပါမယ်။
ပူဇော်တဲ့ သက်တမ်း ရလာတာနဲ့ အမျှ ဘက်ပေါင်းစုံမှ အဆင်ပြေမှုတွေ တိုးတတ်မှုတွေ မထင်မှတ်ထားတဲ့ ကောင်းကျိုးတွေ အများကြီးရလာပါလိမ့်မယ်။
လောကီချမ်းသာ တင်ပဲလား မဟုတ်သေးပါဘူး လောကုတ္တရာအတွက် ကြီးမြတ်သော အထောက်အပံကောင်း တစ်ခုကို မိမိလက်ဝယ် ပိုင်ဆိုင်နေတာကိုလည်း တွေ့လာရပါမယ်။
ကောင်းတဲ့အလုပ်တွေပဲလုပ်ချင်စိတ်ဖြစ်လာပါမယ်ဘဝမှာကောင်း မြတ်သော မျှော်လင့်ချက် တွေနဲ့ ရှင်သန် လာပါမယ် ဘဝတိုးတတ်အောင်မြင်မှုကို ပေးစွမ်း နိုင်တာ မဟာသမယသုတ်ပါပဲ။
ဆင်းရဲတွင်းကလွတ်ကင်းစေနိုင်တာလည်းမဟာသမယသုတ်တော်ပါပဲလောကအလယ်မှာအထက်တန်းကျကျမျက်နှာပန်းလှလှလော ကီ လောကုတ္တရာ ကောင်းမှုကုသိုလ်တွေကို အဆင့်အတန်းမြင့်မြင့် ပြုလုပ်ချင်တယ်ဆိုရင်။
မဟာသမယသုတ်တော်ကြီးကိုသာပူဇော် ကြပါ အေးချမ်းပါလိမ့်မယ် အောင်မြင်လာပါလိမ့်မယ် ထူးခြားမှုတွေကိုတစ်ခုခြင်း တစ်ခုခြင်းရရှိ ပိုင်ဆိုင် လာရ ပါလိမ့်မယ်။
မဟာသမယသုတ်တော် ကိုးမျိုးကတော့ ထူးခြားမှုဖြစ်စဉ် ဘဝမှာကောင်းသော ပြောင်းလဲခြင်း များနဲ့ ပြည့်စုံ စေသော ကြီးပွားချမ်း သာခြင်း အတွက် အကောင်းဆုံးသော သုတ်တော် ကြီးလို့ ဘဝမှာ မှတ်တိုင် စိုက်ထူပြီး ဖြစ်ပါတယ်
မဟာသမယသုတ် ပရိတ်တော် မြတ်ကြီးကို နာယူ ရသော ကြောင့် ဘုရားရှင် လက်ထက် တော်မှာ ကျွတ်တန်း ဝင်သွားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တွေလည်း အများကြီး ရှိသလို။
အခု လောကီ မှာ လည်း ကောင်း ကျိုး မျိုးစုံ စံစားခံစား နေရ တဲ့ ထူးခြားတဲ့ လူသား တွေလည်း အများကြီး ရှိနေတာကြောင့် မဟာသမယသုတ် ပရိတ်တော် မြတ်ကြီးကို ယုံကြည်စွာ ပူဇော်ကြပါလို့ လေးလေး နက်နက် တိုက်တွန်း လိုက်ပါတယ်။
မဟာသမယသုတ် ပရိတ်တော်ကို သိနေပြီ နာယူ နေပြီ ပူဇော်နေပြီဆိုထဲက ထိုပုဂ္ဂိုလ်က ထူးမြတ်သော လူသားတစ်ယောက်ဖြစ်နေပါပြီ။အလုပ်အကိုင်တွေလဲ အဆင်ပြေပါတယ် ဆိုတဲ့အကြောင်းလေးကို ပရိသတ်ကြီး အတွက် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။Credit