ႏူးအိၿပီး စားေကာင္းတဲ့ ကြမ္းသီးေပါင္းနည္း….

Zawgyi

ႏူးအိၿပီး စားေကာင္းတဲ့ ကြမ္းသီးေပါင္းနည္း….

ကြမ္းသီးေပါင္းနည္းေမးထားတဲ့ broတို႔sisတို႔အတြက္ လုပ္နည္းအလြယ္ေလးေျပာျပသြားပါမယ္။

ကြမ္းသီးေပါင္းရာမွာ တပိုင္တႏိုင္ ကြမ္းဆိုင္ဖို႔နဲ႔ စီးပြားျဖစ္ ကြမ္းသီးေရာင္းစားဖို႔ဆိုၿပီး ၂မ်ိဳးရွိပါတယ္။

အိမ္ဆိုင္ တပိုင္တႏိုင္အတြက္ လုပ္နည္းအလြယ္ေလးအရင္ေျပာျပမယ္။

၁။ အရင္ဆုံး ကြမ္းသီးအေျခာက္ကို ကို႔၃ရက္စာကုန္ေလာက္႐ုံ ျပဳတ္ေပးရပါမယ္(ကို႔ဆိုင္က တရက္ကြမ္းသီး ၁ပိႆာကုန္ရင္ ၃ပိႆာေလာက္ျပဳတ္ရပါမယ္)

ဘာလို႔ဆို ကြမ္းသီးေပါင္းက ၃ရက္ေလာက္ပဲအထားခံလို႔ပါ ၾကာရင္မႈိတက္ၿပီး စားမေကာင္းမွာဆိုးလို႔။

ျပဳတ္တဲ့အခါမွာလဲ ဒန္အိုးနဲ႔ျပဳတ္ရင္ ပိုေကာင္းပါတယ္။

၂။ ကြမ္းသီးျပဳတ္ၿပီးတဲ့အခါ ပလပ္စတစ္ဂုံးျခင္း(ေရွာ္ျခင္းလဲရတယ္)ထဲထည့္ ေရ၂ထပ္ေလာက္ေဆးလိုက္ပါ။

၃။ ဒါဆို ကြမ္းသီးေပါင္းဖို႔ျပင္ဆင္လို႔ရပါၿပီ။

တစ္ပိုင္တစ္ႏိုင္ဆိုင္ဖို႔အတြက္ဆိုရင္ က်ေနာ္တို႔ေရခ်ိဳးကန္တို႔ ေရထည့္ဖို႔အတြက္တို႔ ေက်ာက္ေဂြကန္ျဖင့္ လုပ္လို႔အဆင္ေျပပါတယ္..

အနီးဆုံးျမင္ေအာင္ေျပာရရင္ အိမ္သာကြၽင္းေက်ာက္ေဂြခ်တဲ့ တဂြင္းဆိုရပါတယ္။

အဲ့ေက်ာက္ေဂြကြင္းကို ေအာက္ေျမကိုညီေနေအာင္ညႇိ႔ၿပီးထားပါ ။

ကြမ္းသီးကို အဲ့ထဲမွာေပါင္းၿပီး အေပၚကအဖုံးအုပ္ရေအာင္ ၃ထပ္သားျပားကို ေဂြႏွင့္အညီ ဝိုင္းေနေအာင္ျဖတ္ၿပီးအေပၚကဖုံးရပါမယ္

၄။ ကြမ္းသီးေပါင္းဖို႔ အဓိကလိုတဲ့ ကန္႔(ဆာလဖာ)ကို ပရေဆးဆိုင္ေတြမွာ အရင္ဆုံးဝယ္ရပါမယ္။

ဝယ္ၿပီးရင္ ကြမ္းသီးျပဳတ္ၿပီး ပိုေနတဲ့ မီးေသြးခဲေတြကို ေရအိုးေဟာင္းအေပၚနားေတြဖဲ့ၿပီး အဲ့ထဲမွာထည့္ေပးပါ။

ၿပီးရင္ ကန္႔ဆာလဖာကိုအဲ့ရဲေနတဲ့မီးေသြးထဲမွာထည့္ပါ။ၿပီးရင္ ျပဳတ္ၿပီးေရစိမ္ထားတဲ့ ကြမ္းသီးကိုျခင္းထဲထည့္ ေက်ာက္ေဂြထဲထည့္ပါ။

ကန္႔ထည့္ထားေသာမီးေသြးအိုးကေတာ့ အဲ့ေဘးမွာခ်ေပးပါ။ၿပီးရင္ ေက်ာက္ေဂြကိုအေပၚက ထပ္သားျပားႏွင့္ဖုံးပါ.

အနားေတြ မလုံရင္ ကန္႔ေငြ႕ေတြထြက္သြားမွာဆိုးလို႔ အနားေတြကို ႐ႊံႏွင့္လုံေအာင္ပိတ္ပါ အဲ့တိုင္းတညေလာက္ ပစ္ထားလိုက္ပါ။

မနက္မိုးလင္းမွ အဖုံးဖြင့္ ကြမ္းသီးျခင္းကို ေရထပ္ေဆးေပးပါ။

၅။ ဒါဆိုရင္ ႏူးအိၿပီး စားေကာင္းတဲ့ ကြမ္းသီးေပါင္းကိုရပါၿပီ.။

သူ႔ကိုထားတဲ့အခါ အစိုဓါတ္ရွိတဲ့ေနရာမွာ အဝတ္ေရစြတ္ၿပီး အဲ့အဝတ္နဲ႔ပတ္ၿပီးထားပါ။

ဒါဆို တပိုင္တႏိုင္ကြမ္းသီးေပါင္းဖို႔အတြက္ အဆင္ေျပပါၿပီ။

ေနာက္ စီးပြားျဖစ္လုပ္ခ်င္တဲ့သူေတြအတြက္ ကြမ္းသီးေပါင္းနည္းကိုဆက္လက္ေဖာ္ျပေပးသြားပါမယ္။

Credit – မူရင္း ေရးသားသူ ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

နူးအိပြီး စားကောင်းတဲ့ ကွမ်းသီးပေါင်းနည်း….

ကွမ်းသီးပေါင်းနည်းမေးထားတဲ့ broတို့sisတို့အတွက် လုပ်နည်းအလွယ်လေးပြောပြသွားပါမယ်။

ကွမ်းသီးပေါင်းရာမှာ တပိုင်တနိုင် ကွမ်းဆိုင်ဖို့နဲ့ စီးပွားဖြစ် ကွမ်းသီးရောင်းစားဖို့ဆိုပြီး ၂မျိုးရှိပါတယ်။

အိမ်ဆိုင် တပိုင်တနိုင်အတွက် လုပ်နည်းအလွယ်လေးအရင်ပြောပြမယ်။

၁။ အရင်ဆုံး ကွမ်းသီးအခြောက်ကို ကို့၃ရက်စာကုန်လောက်ရုံ ပြုတ်ပေးရပါမယ်(ကို့ဆိုင်က တရက်ကွမ်းသီး ၁ပိဿာကုန်ရင် ၃ပိဿာလောက်ပြုတ်ရပါမယ်)

ဘာလို့ဆို ကွမ်းသီးပေါင်းက ၃ရက်လောက်ပဲအထားခံလို့ပါ ကြာရင်မှိုတက်ပြီး စားမကောင်းမှာဆိုးလို့။

ပြုတ်တဲ့အခါမှာလဲ ဒန်အိုးနဲ့ပြုတ်ရင် ပိုကောင်းပါတယ်။

၂။ ကွမ်းသီးပြုတ်ပြီးတဲ့အခါ ပလပ်စတစ်ဂုံးခြင်း(ရှော်ခြင်းလဲရတယ်)ထဲထည့် ရေ၂ထပ်လောက်ဆေးလိုက်ပါ။

၃။ ဒါဆို ကွမ်းသီးပေါင်းဖို့ပြင်ဆင်လို့ရပါပြီ။

တစ်ပိုင်တစ်နိုင်ဆိုင်ဖို့အတွက်ဆိုရင် ကျနော်တို့ရေချိုးကန်တို့ ရေထည့်ဖို့အတွက်တို့ ကျောက်ဂွေကန်ဖြင့် လုပ်လို့အဆင်ပြေပါတယ်..

အနီးဆုံးမြင်အောင်ပြောရရင် အိမ်သာကျွင်းကျောက်ဂွေချတဲ့ တဂွင်းဆိုရပါတယ်။

အဲ့ကျောက်ဂွေကွင်းကို အောက်မြေကိုညီနေအောင်ညှိ့ပြီးထားပါ ။

ကွမ်းသီးကို အဲ့ထဲမှာပေါင်းပြီး အပေါ်ကအဖုံးအုပ်ရအောင် ၃ထပ်သားပြားကို ဂွေနှင့်အညီ ဝိုင်းနေအောင်ဖြတ်ပြီးအပေါ်ကဖုံးရပါမယ်

၄။ ကွမ်းသီးပေါင်းဖို့ အဓိကလိုတဲ့ ကန့်(ဆာလဖာ)ကို ပရဆေးဆိုင်တွေမှာ အရင်ဆုံးဝယ်ရပါမယ်။

ဝယ်ပြီးရင် ကွမ်းသီးပြုတ်ပြီး ပိုနေတဲ့ မီးသွေးခဲတွေကို ရေအိုးဟောင်းအပေါ်နားတွေဖဲ့ပြီး အဲ့ထဲမှာထည့်ပေးပါ။

ပြီးရင် ကန့်ဆာလဖာကိုအဲ့ရဲနေတဲ့မီးသွေးထဲမှာထည့်ပါ။ပြီးရင် ပြုတ်ပြီးရေစိမ်ထားတဲ့ ကွမ်းသီးကိုခြင်းထဲထည့် ကျောက်ဂွေထဲထည့်ပါ။

ကန့်ထည့်ထားသောမီးသွေးအိုးကတော့ အဲ့ဘေးမှာချပေးပါ။ပြီးရင် ကျောက်ဂွေကိုအပေါ်က ထပ်သားပြားနှင့်ဖုံးပါ.

အနားတွေ မလုံရင် ကန့်ငွေ့တွေထွက်သွားမှာဆိုးလို့ အနားတွေကို ရွှံနှင့်လုံအောင်ပိတ်ပါ အဲ့တိုင်းတညလောက် ပစ်ထားလိုက်ပါ။

မနက်မိုးလင်းမှ အဖုံးဖွင့် ကွမ်းသီးခြင်းကို ရေထပ်ဆေးပေးပါ။

၅။ ဒါဆိုရင် နူးအိပြီး စားကောင်းတဲ့ ကွမ်းသီးပေါင်းကိုရပါပြီ.။

သူ့ကိုထားတဲ့အခါ အစိုဓါတ်ရှိတဲ့နေရာမှာ အဝတ်ရေစွတ်ပြီး အဲ့အဝတ်နဲ့ပတ်ပြီးထားပါ။

ဒါဆို တပိုင်တနိုင်ကွမ်းသီးပေါင်းဖို့အတွက် အဆင်ပြေပါပြီ။

နောက် စီးပွားဖြစ်လုပ်ချင်တဲ့သူတွေအတွက် ကွမ်းသီးပေါင်းနည်းကိုဆက်လက်ဖော်ပြပေးသွားပါမယ်။

Credit – မူရင်း ရေးသားသူ လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။