အပရာဇိတပန္း(သို႔) ေအာင္မဲညိဳပန္းေတြပြင့္တိုင္း ဘုရားကပ္လႉခဲ့ေပမယ့္ သည္ပန္းကပ္ၿပီး သီးသန႔္ ဆုေတာင္းလို႔ရတယ္ဆိုတာ မသိခဲ့ဘူး

Zawgyi

အပရာဇိတပန္း(သို႔) ေအာင္မဲညိဳပန္းေတြပြင့္တိုင္း ဘုရားကပ္လႉခဲ့ေပမယ့္ သည္ပန္းကပ္ၿပီး သီးသန႔္ ဆုေတာင္းလို႔ရတယ္ဆိုတာ မသိခဲ့ဘူး

သူမ်ားေရးထားတာေလး မွ်ေဝပါတယ္

ေအာင္မဲညိဳ လို႔သာသိၾကတဲ့ပန္းေလး တကယ့္နာမည္ေလးက အပရာဇိတပန္း လို႔ေခၚတယ္တဲ့.

ပုဗၺဏွသုတ္ထဲမွာ

အပရာဇိတ ပလႅေကၤ -သီေသ ပုထုဝိပုကၡေလ

အဘိေသေက သဗ္ဗဗုဒ္ဓါနံ အဂၢပၸေတၱာေပမာဒတိလို႔ အပိုဒ္(၁၆)မွာ႐ြတ္ဖတ္ပူေဇာ္ရပါတယ္.

အိမ္မွာလဲအပင္ေလးစိုက္ထါးပါတယ္

အခုမွ ပန္းေလးရဲ႕ အမည္ရင္း အပရာဇိတပန္း ကိုသိရၿပီးျမတ္စြာဘုရား ကို ပန္း၁၁ပြင့္ ကပ္လႉလို႔ က်န္းမာေရးအတြက္

ဆုေတာင္းယၾတာေလးကို (မိမိကိုယ္တိုင္ေရာ ~ အျခားသူအတြက္ပါ )ျပဳလုပ္လို႔ရတာသိလို႔ မွ်ေဝပါတယ္ရွင္

(ေကာင္းေသာဆုေတာင္းေသာဆုမ်ားျပည့္ၾကပါေစရွင္ )

ေဆးဝိဇၨာအဘမိန္႔ၾကားခဲ့ဘူးေသာက်န္းမာေရးအတြက္ေဆးနည္းယၾတာ

တစ္ေန႔သ၌ ၾကႇန်ဳပ်သည် ဗုေဒၶါသိဒၶိဟူေသာပုတီးစိပ္ကိုတစ္ေန႔လွ်င္ ၁၈ပါတ္ တိတိ (၄၉)ရက္ စိပ္မည္ ဟု

စိတ္အႀကံေပါက္၍ ပုတီးအဓိဌာန္ ၉ရက္ေျမာက္ေသာေန႔ အာ႐ုံတက္အခ်ိန္တြင္ ထူးျခားေသာ အိပ္မက္တခုကို ျမင္မက္ေလသည္

ထိုအိပ္မက္တြင္ အေပၚျဖဴေအာက္ျဖဴပိတ္ျဖဴဝတ္ဆင္ထားေသာ အဘိုးႀကီတစ္ဦးသည္ ၾကႇန်ဳပ်အား

“ဒီမယ္ ေျမးေလး အဘက ေျမးကို ေမတၱာနဲ႔ ေျပာစရာရွိတယ္ကြဲ႕ အဘကေဆးဝိဇၨာႀကီးပါကြဲ႕ေျမးေလးကို အေရးတႀကီးေျပာစရာရွိသကြဲ႕ “ဟု ဆိုေလကာ

သူ၏လက္ထဲမွ ကိုင္ေဆာင္ထားေသာ လြန္စြာ ခ်စ္စရာေကာင္းသည္ ပန္းေလးတပြင့္ကိုျပေလသည္

စာေရးသူလည္း “ဟုတ္ကဲ့ သိတယ္အဘ”ဟုဆိုေလေသာ္ “ေအးေအး ေျမးေလး ဒီပန္းေလးကို ေအာင္မဲညိဳ လို႔ေတာ့ လူသိမ်ားၾကပါတယ္ကြဲ႕”

သူနာမည္ေနာက္တမ်ိဳးကေတာ့ အပရာဇိတပန္း လို႔ေခၚပါတယ္ ဒါကို လူေတြေတာ္ေတာ္မ်ားမ်ားသိၾကမယ္ မထင္ပါဘူး

ကြဲ႕ အဲ့ဒီ့ အပရာဇိတပန္းကို မိမိ အိမ္ကဘုရားမွာ ဘုရားပန္းအျဖစ္ ပန္းကန္သန္သန္႔ေလးနဲ႔ (၁၁)ပြင့္ ကပ္လႉပါ

အဲ့ဒီ့ပန္းေလးေတြ ေျခာက္သြားရင္ ႐ိုေသစြာျပန္စြန္႔ကြဲ႕ၿပီးေတာ့ အဲ့ဒီ့ပန္းေျခာက္ေလးေတြကို (သင့္ေတာ္သလို)

ေရေႏြးျဖဴထဲထည့္ သက္ေတာ္ထင္ရွားဘုရားရွင္ကို ရည္စူးၿပီး ေရေႏြးအျဖစ္ကပ္လႉပါ။

ၿပီးရင္ေတာ့ ေျမာက္အရပ္ကို မ်က္ႏွာမူ လိုေသာဆုကိုေတာင္းၿပီး အဲ့ဒီ့ေရေႏြးကို ေသာက္ခဲ့ရင္

ထူးျခားစြာက်န္းမာေရးေကာင္းေစၿပီးေကာင္းတဲ့ဆုေတာင္းေတြ ျပည့္ဝေစပါတယ္ကြဲ႕”ဟု မိန္႔ၾကားေလသည္

တခုသတိျပဳရမွာကေတာ့ ကိုယ့္အတြက္မဟုတ္ဘဲ တပါးသူအတြက္ဆုေတာင္းၿပီးေသာက္မယ္ဆိုရင္ဆုေတာင္းေနခ်ိန္မွာ

အိမ္အျပင္ကိုထြက္ၿပီး (ဖိနပ္မစီးရ) ေျမႀကီးေပၚမွာ မတ္တပ္ရပ္ၿပီဆုေတာင္းရမယ္ေျမေလးေရ “ဟု ဆိုကာ

စာေရးသူအားက်န္းမာေစ ခ်မ္းသာေစ ေကာင္းေသာဆုမ်ား ျပည့္ဝေစ “ဟူ၍ ဆုမြန္မ်ားေပးကာ ဖ်တ္ခနဲ႔ေပ်ာက္ကြယ္သြားေပေတာ့သည္။

ခရက္ဒစ္

Unicode

အပရာဇိတပန်း(သို့) အောင်မဲညိုပန်းတွေပွင့်တိုင်း ဘုရားကပ်လှူခဲ့ပေမယ့် သည်ပန်းကပ်ပြီး သီးသန့် ဆုတောင်းလို့ရတယ်ဆိုတာ မသိခဲ့ဘူး

သူများရေးထားတာလေး မျှဝေပါတယ်

အောင်မဲညို လို့သာသိကြတဲ့ပန်းလေး တကယ့်နာမည်လေးက အပရာဇိတပန်း လို့ခေါ်တယ်တဲ့.

ပုဗ္ဗဏှသုတ်ထဲမှာ

အပရာဇိတ ပလ္လင်္ကေ -သီသေ ပုထုဝိပုက္ခလေ

အဘိသေကေ သဗ်ဗဗုဒ်ဓါနံ အဂ္ဂပ္ပတ္တောပေမာဒတိလို့ အပိုဒ်(၁၆)မှာရွတ်ဖတ်ပူဇော်ရပါတယ်.

အိမ်မှာလဲအပင်လေးစိုက်ထါးပါတယ်

အခုမှ ပန်းလေးရဲ့ အမည်ရင်း အပရာဇိတပန်း ကိုသိရပြီးမြတ်စွာဘုရား ကို ပန်း၁၁ပွင့် ကပ်လှူလို့ ကျန်းမာရေးအတွက်

ဆုတောင်းယတြာလေးကို (မိမိကိုယ်တိုင်ရော ~ အခြားသူအတွက်ပါ )ပြုလုပ်လို့ရတာသိလို့ မျှဝေပါတယ်ရှင်

(ကောင်းသောဆုတောင်းသောဆုများပြည့်ကြပါစေရှင် )

ဆေးဝိဇ္ဇာအဘမိန့်ကြားခဲ့ဘူးသောကျန်းမာရေးအတွက်ဆေးနည်းယတြာ

တစ်နေ့သ၌ ကြှနျုပျသညျ ဗုဒ္ဓေါသိဒ္ဓိဟူသောပုတီးစိပ်ကိုတစ်နေ့လျှင် ၁၈ပါတ် တိတိ (၄၉)ရက် စိပ်မည် ဟု

စိတ်အကြံပေါက်၍ ပုတီးအဓိဌာန် ၉ရက်မြောက်သောနေ့ အာရုံတက်အချိန်တွင် ထူးခြားသော အိပ်မက်တခုကို မြင်မက်လေသည်

ထိုအိပ်မက်တွင် အပေါ်ဖြူအောက်ဖြူပိတ်ဖြူဝတ်ဆင်ထားသော အဘိုးကြီတစ်ဦးသည် ကြှနျုပျအား

“ဒီမယ် မြေးလေး အဘက မြေးကို မေတ္တာနဲ့ ပြောစရာရှိတယ်ကွဲ့ အဘကဆေးဝိဇ္ဇာကြီးပါကွဲ့မြေးလေးကို အရေးတကြီးပြောစရာရှိသကွဲ့ “ဟု ဆိုလေကာ

သူ၏လက်ထဲမှ ကိုင်ဆောင်ထားသော လွန်စွာ ချစ်စရာကောင်းသည် ပန်းလေးတပွင့်ကိုပြလေသည်

စာရေးသူလည်း “ဟုတ်ကဲ့ သိတယ်အဘ”ဟုဆိုလေသော် “အေးအေး မြေးလေး ဒီပန်းလေးကို အောင်မဲညို လို့တော့ လူသိများကြပါတယ်ကွဲ့”

သူနာမည်နောက်တမျိုးကတော့ အပရာဇိတပန်း လို့ခေါ်ပါတယ် ဒါကို လူတွေတော်တော်များများသိကြမယ် မထင်ပါဘူး

ကွဲ့ အဲ့ဒီ့ အပရာဇိတပန်းကို မိမိ အိမ်ကဘုရားမှာ ဘုရားပန်းအဖြစ် ပန်းကန်သန်သန့်လေးနဲ့ (၁၁)ပွင့် ကပ်လှူပါ

အဲ့ဒီ့ပန်းလေးတွေ ခြောက်သွားရင် ရိုသေစွာပြန်စွန့်ကွဲ့ပြီးတော့ အဲ့ဒီ့ပန်းခြောက်လေးတွေကို (သင့်တော်သလို)

ရေနွေးဖြူထဲထည့် သက်တော်ထင်ရှားဘုရားရှင်ကို ရည်စူးပြီး ရေနွေးအဖြစ်ကပ်လှူပါ။

ပြီးရင်တော့ မြောက်အရပ်ကို မျက်နှာမူ လိုသောဆုကိုတောင်းပြီး အဲ့ဒီ့ရေနွေးကို သောက်ခဲ့ရင်

ထူးခြားစွာကျန်းမာရေးကောင်းစေပြီးကောင်းတဲ့ဆုတောင်းတွေ ပြည့်ဝစေပါတယ်ကွဲ့”ဟု မိန့်ကြားလေသည်

တခုသတိပြုရမှာကတော့ ကိုယ့်အတွက်မဟုတ်ဘဲ တပါးသူအတွက်ဆုတောင်းပြီးသောက်မယ်ဆိုရင်ဆုတောင်းနေချိန်မှာ

အိမ်အပြင်ကိုထွက်ပြီး (ဖိနပ်မစီးရ) မြေကြီးပေါ်မှာ မတ်တပ်ရပ်ပြီဆုတောင်းရမယ်မြေလေးရေ “ဟု ဆိုကာ

စာရေးသူအားကျန်းမာစေ ချမ်းသာစေ ကောင်းသောဆုများ ပြည့်ဝစေ “ဟူ၍ ဆုမွန်များပေးကာ ဖျတ်ခနဲ့ပျောက်ကွယ်သွားပေတော့သည်။

ခရက်ဒစ်