သစ္တံခါးဆရာေတာ္မွ ေမတၱာျဖင့္လမ္းၫြန္သည့္ တနလၤာ သားသမီးမ်ားအတြက္ အထူးအဓိဌာန္

Zawgyi

သစ္တံခါးဆရာေတာ္မွ ေမတၱာျဖင့္လမ္းၫြန္သည့္ တနလၤာ သားသမီးမ်ား အတြက္အထူးအဓိဌာန္

ဒီအဓိဌာန္ကို တစ္လတစ္ႀကိမ္ ( သို႔ ) ႏွစ္လတစ္ႀကိမ္ ေမြးေန႔ႏွင့္ တိုက္ဆိုင္ၿပီး လုပ္ရမည္ မ်ားစြာအက်ိဳးထူး၍ ယၾတာသေဘာေရာ ကုသိုလ္ဆက္တဲ့သေဘာပါ သက္ေရာက္ေနပါသည္ ။

အထူးကေတာ့ ဇာတာစန္းေတြ ညံ့ေနသူမ်ား စိတ္လက္မအီမသာျဖစ္ေနသူမ်ား

အႀကံအိုက္ေနသူမ်ား လာဘ္လာဘေတြ ပိတ္ဆို႔ေနသူမ်ား ၊ အႀကံတုန္းဉာဏ္တုန္းျဖစ္ေနသူမ်ား။

လန္းဆန္းတက္ႂကြၿပီး ေဘးရန္လည္းေပ်ာက္ လာဘ္လည္းေရာက္လာႏိုင္မယ့္နည္းျဖစ္ပါတယ္ ။

” ဥစၥာေဘာဂ ဇီဝိတႏွင့္ သုခပြားရန္ ဤလူ႔ ႒ာန္၌ ဉာဏ္ဝီရိယ ပေယာဂတည္း ” လို႔ ပညာရွိေတြဆိုထားသလို ။

တတ္ႏိုင္သေလာက္ မိမိတို႔ လက္လွမ္းတမွီ ဉာဏ္ေရွ႕သြားၿပီး ဝီရိယႏွင့္ ပညာပါလုပ္ေဆာင္သြားႏိုင္ရင္ အတိတ္ကံမေကာင္းေပမယ့္ပစၥဳပၸန္ကံေၾကာင့္ အက်ိဳးထူးႏိုင္ပါတယ္ ။

အစီအရင္ျပဳလုပ္ပုံ

မိမိေမြးေန႔မနက္ ၆နာရီမွ ၇နာရီခြဲအတြင္း ေနအိမ္ဘုရားေက်ာင္းမွာပင္ ျပဳလုပ္ရမည္ ။

အျဖဴေရာင္ အက်ီကို ဝတ္ပါ မတ္တပ္ရပ္၍ ကံ့ေကာ္ ၂ ၫြန႔္အား ဘုရားအားလႉပါ

ၿပီးေသာ္ ေဇာ္စိမ္း ၂ ၫြန႔္ ၊ ႐ြက္လွ ၄ၫြန႔္အား ခင္းၿပီးအေပၚမွ အခင္းတစ္ခုျဖင့္ ဖုံးအုပ္ထားရမည္ ။

၎ အခင္းေပၚ၌ ထိုင္ကာ လိုရာဆႏၵျပဳ၍ တနလၤာ သားသမီး ကုသိုလ္ကံပြင့္ဂါထာေတာ္ကို ၁၀၈ေခါက္ ႐ြတ္ပြားပူေဇာ္ရပါမည္ ။

ထိုေန႔ညေနပိုင္းမွာ မိမိဝတ္ဆင္ခဲ့ေသာ လုံခ်ည္အေဟာင္းတစ္ထည္ျဖင့္ စေန သား သမီးတစ္ဦးအား အကူအညီေတာင္းလွ်က္

၎အဝတ္ႏွင့္ အခင္းေအာက္မွ အ႐ြက္အခက္မ်ားကိုယူကာ အေရွ႕ေတာင္အရပ္သို႔ စြန႔္ပစ္ခိုင္းရန္ျဖစ္ပါသည္ ။

Credit:original

Unicode

သစ်တံခါးဆရာတော်မှ မေတ္တာဖြင့်လမ်းညွန်သည့် တနင်္လာ သားသမီးများ အတွက်အထူးအဓိဌာန်

ဒီအဓိဌာန်ကို တစ်လတစ်ကြိမ် ( သို့ ) နှစ်လတစ်ကြိမ် မွေးနေ့နှင့် တိုက်ဆိုင်ပြီး လုပ်ရမည် များစွာအကျိုးထူး၍ ယတြာသဘောရော ကုသိုလ်ဆက်တဲ့သဘောပါ သက်ရောက်နေပါသည် ။

အထူးကတော့ ဇာတာစန်းတွေ ညံ့နေသူများ စိတ်လက်မအီမသာဖြစ်နေသူများ

အကြံအိုက်နေသူများ လာဘ်လာဘတွေ ပိတ်ဆို့နေသူများ ၊ အကြံတုန်းဉာဏ်တုန်းဖြစ်နေသူများ။

လန်းဆန်းတက်ကြွပြီး ဘေးရန်လည်းပျောက် လာဘ်လည်းရောက်လာနိုင်မယ့်နည်းဖြစ်ပါတယ် ။

” ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ ဋ္ဌာန်၌ ဉာဏ်ဝီရိယ ပယောဂတည်း ” လို့ ပညာရှိတွေဆိုထားသလို ။

တတ်နိုင်သလောက် မိမိတို့ လက်လှမ်းတမှီ ဉာဏ်ရှေ့သွားပြီး ဝီရိယနှင့် ပညာပါလုပ်ဆောင်သွားနိုင်ရင် အတိတ်ကံမကောင်းပေမယ့်ပစ္စုပ္ပန်ကံကြောင့် အကျိုးထူးနိုင်ပါတယ် ။

အစီအရင်ပြုလုပ်ပုံ

မိမိမွေးနေ့မနက် ၆နာရီမှ ၇နာရီခွဲအတွင်း နေအိမ်ဘုရားကျောင်းမှာပင် ပြုလုပ်ရမည် ။

အဖြူရောင် အကျီကို ဝတ်ပါ မတ်တပ်ရပ်၍ ကံ့ကော် ၂ ညွန့်အား ဘုရားအားလှူပါ

ပြီးသော် ဇော်စိမ်း ၂ ညွန့် ၊ ရွက်လှ ၄ညွန့်အား ခင်းပြီးအပေါ်မှ အခင်းတစ်ခုဖြင့် ဖုံးအုပ်ထားရမည် ။

၎င်း အခင်းပေါ်၌ ထိုင်ကာ လိုရာဆန္ဒပြု၍ တနင်္လာ သားသမီး ကုသိုလ်ကံပွင့်ဂါထာတော်ကို ၁၀၈ခေါက် ရွတ်ပွားပူဇော်ရပါမည် ။

ထိုနေ့ညနေပိုင်းမှာ မိမိဝတ်ဆင်ခဲ့သော လုံချည်အဟောင်းတစ်ထည်ဖြင့် စနေ သား သမီးတစ်ဦးအား အကူအညီတောင်းလျှက်

၎င်းအဝတ်နှင့် အခင်းအောက်မှ အရွက်အခက်များကိုယူကာ အရှေ့တောင်အရပ်သို့ စွန့်ပစ်ခိုင်းရန်ဖြစ်ပါသည် ။

Credit:original