
Zawgyi













Unicode

ရသေ့ကြီးဦးခန္တီ၏ ရောင်းအား ဝယ်အား တိုးစေသော အစီအရင်

ရသေ့ကြီးဦးခန္တီ၏ ရောင်းအား ဝယ်အား တိုးစေသောအစီအရင် ပြုလုပ်ရန် လိုအပ်သောပစ္စည်းများမှာ

သံပုရာသီးအစစ်တစ်လုံး ဖယောင်းတိုင်အလယ်အလတ်(၁)ချောင်း မီးခြစ်ကြွေပန်းကန်တစ်ချပ် ခဲတံ တို့လိုပါတယ်

ပထမဆုံးခဲတံတစ်ချောင်းဖြင့်ဖယောင်းတိုင်အောက်ခြေကနေ မိမိဖြစ်ချင်သောဆန္ဒကို ရောင်းအားဝယ်အားတတ်စေ အောက်ခြေကနေအထက်သို့ ရေးပါပုံပါ

အတိုင်းသံပုရာသီးအပေါ်ဖယောင်းတိုင်ကိုစိုက်ပြီးမီးထွန်းညှိပါ

အောက်က ကြွေပန်းကန်တစ်ချပ်ခံပါ ပြီးရင် မိမိပြုလုပ်နေကြအတိုင်း ဘုရားရှိခိုးပြီး

အောက်ပါ ဂါထာအားတတ်နိုင်သမျှ ရွတ်ဆိုပေးပါ

ရသေ့ကြီးဦးခန္တီပေးသော (ဓနသိဒ္ဓိဂါထာအရဟံ ဗဟိအန်တဇယံသုဂတံ အ မိတံ ဝိရဇံ လလိတံအတုလံ စရဏံ တိဘဝူပ သမံ ယမကံသုခဒံ သရဏံ ပဏာမာမိ ဇိနံ)

တတ်နိုင်သမျှ ရွတ်ဖတ်ပူဇော်ပေးပါ ဖယောင်းတိုင် မကုန်ခင် မီးငြိမ်းလိုက်ပါ

သံပုရာသီးကို ဘုရားမှာ တင်ထားလိုက်ပါ။

ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ပြီး အဆင်ပြေနေသော နည်းလမ်းဖြစ်သည်။

Credit- ဗေဒင်နှင့်လက္ခဏာ ဆရာဉာဏ်ထက်အောင်