မွန္ကန္စြာ႐ြတ္ပါကအက်ိဳးထူးရေစႏိုင္သလိုမမွန္မကန္႐ြတ္ပါကဘဝပင္ပ်က္သြားႏိုင္ေသာေငြအလြန္ဝင္လာဘ္႐ႊင္ေစေသာဂါထာေတာ္ႀကီး

Zawgyi

မွန္ကန္စြာ႐ြတ္ပါကအက်ိဳးထူးရေစႏိုင္သလိုမမွန္မကန္႐ြတ္ပါကဘဝပင္ပ်က္သြားႏိုင္ေသာေငြအလြန္ဝင္လာဘ္႐ႊင္ေစေသာဂါထာေတာ္ႀကီး

ေျပာျပန္ရင္လည္းမဂၢဇင္းေတြ မႈိလိုေပါက္လာတဲ့အခ်ိန္မွာ ျမန္မာျပည္ တစ္ဝွမ္းလုံး ဂါထာ၊ မႏၲာန္၊ အင္း၊ အိုင္၊ လက္ဖြဲ႕၊ ခါးလွဲ႔ေတြ မႈိလို ေပါက္ေနပါတယ္။

ေျပာခ်င္တဲ့စကားက ဦးခႏၲီရဲ႕ ေငြဝင္ဂါထာ ဆိုၿပီး တစ္ေနရာမွာ ေဖာ္ျပလိုက္၊ ေနာက္ တစ္ေနရာက်ေတာ့ အဲဒီဂါထာဟာ ဦးခႏၲီ ေရးခဲ့တာမဟုတ္ဘူး။

မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ ႀကီး ၿမိဳ႕နယ္ သံဃာ့နာယကဥ ကၠ႒ ဆရာေတာ္က သူေရးတယ္လို႔ သက္ေသေတြနဲ႔ ထုတ္လိုက္။

၂ဝဝ၆ ခုႏွစ္ေလာက္မွာ မႏၲေလးၿမိဳ႕မွာ သေရာဒယ ေဗဒင္ပ ညာရွင္ အဂၤလိပ္စကားေျပာ သင္တဲ့ ကိုစိန္ဝင္းက ကြၽန္ေတာ့္ကို ဂါထာ တစ္ပုဒ္ေပးခဲ့တယ္။ ေငြအလြန္ဝင္ လာဘ္႐ႊင္ေစေသာ ဂါထာေတာ္ႀကီး… တဲ့။

၂ဝ၁၁-၁၂ ခုႏွစ္ေလာက္မွာ တစ္ ေန႔ကို ပုတီး(၂)ပတ္၊ (၃)ပတ္ စိပ္ျဖစ္တယ္။ ကားစီးသြားရင္း လည္းစိပ္၊အိပ္ေနရင္းလည္းစိပ္၊ ရထားစီးေနရင္းလည္း စိပ္…။ စိပ္လိုက္တဲ့ ပုတီးပတ္ နည္း နည္းေနာေနာ မဟုတ္ဘူး။

ကြၽန္ေတာ္ေတာင္ ေဗဒင္ေမးတဲ့သူေတြကို လက္ေဆာင္ ေပးျဖစ္တယ္။ မိတ္ေဆြေတြကိုလည္း ေတြ႕တဲ့ေနရာတိုင္းမွာ စိပ္ခိုင္းျဖစ္ခဲ့တယ္။

အဲဒီဂါထာက ေပးတဲ့ သုကၡကိုကြၽန္ေတာ္ နားမလည္ခဲ့ဘူးမရဘူးလား မေမးနဲ႔၊ မဝင္ဘူးလား မေျပာနဲ႔၊ မလုပ္ရဘူးလား မေျပာနဲ႔၊ သြက္သြက္ကို ခါေနတာပဲ။

၂ဝ၁၄ ခုႏွစ္၊ ဒီဇင္ဘာလမွာ ကိုမင္းႏိုင္နဲ႔ စကားေျပာျဖစ္တဲ့ အ ခ်ိန္’ဦးေလး..အဲဒီဂါထာကို ေရာက္ တဲ့ေနရာ၊ ေတြ႕တဲ့ေနရာမွာ မစိပ္ပါနဲ႔။ နည္းနည္းေလး ဝင္ၿပီး မ်ားမ်ားႀကီး ပိတ္သြားတတ္တယ္။

ဝင္သမွ်၊ ျဖစ္သမွ် ကိစၥေတြလည္း မၿမဲဘူး။ မေအာင္ျမင္ဘူး။ ေအာင္ျမင္ခ်င္ရင္ ပုဒ္ျဖတ္၊ ပုဒ္က် အတိအက်နဲ႔ ႐ြတ္ၾကည့္ပါ။ တကယ္စြမ္းပါတယ္။ အဲဒီလိုမွ မဟုတ္ခဲ့ရင္ အဲဒီဂါထာက ဦး ေလးကို ဒုကၡေပးလိမ့္မယ္။’လို႔ ေျပာပါတယ္။

ကိုမင္းႏိုင္ အဲဒီလိုေျပာမွ ကြၽန္ ေတာ္ လန႔္သြားတယ္။ တကယ္လည္းအဲဒီအတိုင္းျဖစ္ေန ပါတယ္ ေလာကီမွာ ဆရာလုပ္တဲ့သူက သိပ္အေရးႀကီးတယ္။

ဆရာက ဒုကၡေပးလို႔ ဘဝ ပ်က္သြားတဲ့သူေတြအမ်ားႀကီး။ အခု အဲဒီဂါထာကို ေျပာပါမယ္။ အဲဒီဂါထာကို ပုဒ္ျဖတ္၊ ပုဒ္ထား အတိအက်နဲ႔ ႐ြတ္မွသာလွ်င္ စြမ္းပါလိမ့္မယ္။

အရဟံ ဗဟိ အႏၲ ဇယံ

သုဂတံ အ,မိ,တံ ဝိ,ရ,ဇံ လ,လိ,တံ

အ,တုလံ စရဏံ တိဘဝူ,ပ,သမံ

ယမကံ သုခဒံ သရဏံ ပ,နမာမိ ဇိနံ။

‘,’ေရွ႕က စကားလုံးေတြ အားလုံးကို ပီပီသသ ထင္ထင္ရွားရွား ႐ြတ္ရပါမယ္တဲ့။ ေရးေတာ့အမွန္၊ ဖတ္ေတာ့အသံ ဆိုၿပီး ‘တစ္က်ပ္’ ကို ‘ဒဂ်ပ္’လို႔ အသံထြက္သလို ဒီဂါထာမွာ အသံကို ေရာၿပီး ထြက္တာမ်ိဳး မလုပ္ရပါဘူးတဲ့။

ၿပီးေတာ့ ‘ရ’ေတြကို (Ra) လို႔ အသံထြက္ရပါမယ္။ဒီဂါထာကို ဦးခႏၲီ လာဘ္ဖြင့္ဂါထာအျဖစ္လည္း လူသိမ်ားၾကပါတယ္။ ရ ေသ့ႀကီး ဘုရားေတြတည္ေနတာ ဘယ္ကရတဲ့ ပိုက္ဆံလဲ လို႔အ ေမးခံရေတာ့

ဒီဂါထာကို ပုတီးစိပ္ျပတာ ပုတီးတစ္ပတ္မျပည့္မွီ မွာပဲ လူေတြအမ်ားႀကီးလာၿပီး အလႉေငြ ထည့္တယ္ဆိုပဲ။ဒီဂါထာမွာ ထူးျခားတာေတြကို ကြၽန္ေတာ္သိသေလာက္ ေျပာပါဦးမယ္။

၁။စိတ္ၿငိမ္ၿငိမ္ထားၿပီး အ သံ ထြက္မွန္မွန္နဲ႔ ဆယ္ႀကိမ္ေလာက္ ႐ြတ္မိရင္ကိုပဲ စိတ္ ၾကည္ႏူးလန္း ဆန္းလာတာ ေတြ႕ရပါလိမ့္မယ္။ အဲဒါ ဆန္းဂိုဏ္းေတြအရ ဂါထာ ဖြဲ႕စည္းမႈ ထူးျခားခ်က္ပါ။

၂။ဒီဂါထာကို ပုတီးမစိပ္မီမွာ ဘု ရားကန္ေတာ့၊ သီလယူ၊ ဘုရားကို လႉဖြယ္တစ္ခုခု၊ အနည္းဆုံး ေသာက္ ေတာ္ေရေလး တစ္ခြက္ပဲျဖစ္ျဖစ္ေပါ့ေလ ႐ိုေသစြာ လႉ ဒါန္းၿပီးမွ ပုတီးစိပ္ရပါသတဲ့။

၃။ဒီဂါထာကို ႐ိုေသစြာ ပုံမွန္ ပု တီးစိပ္ေနသူမ်ားဟာ စီးပြားေရးအရ ဘယ္ေလာက္ပဲ နိမ့္က် ႏြမ္း ပါးေနပါေစ၊ သူဟာ တစ္ေန႔တစ္ျခား စီးပြားတက္လာၿပီး ဘုရားဒကာ၊ သိမ္ဒကာ၊ ေက်ာင္းဒကာ ထင္ထင္ရွားရွား ျဖစ္ခြင့္ရလာပါသတဲ့။

၄။ဇာတာအရ အသက္တိုသူ ဒီဂါထာကို ပုတီး ပုံမွန္စိပ္ေတာ့ ႏွစ္ (၂ဝ)ေက်ာ္ေလာက္ က်န္းက်န္း မာမာ၊ ခ်မ္းခ်မ္းသာသာ အသက္ပိုရွည္လာတာ ေတြ႕ရပါသတဲ့။

၅။အေႂကြးမဆပ္ႏိုင္တာတို႔၊ စီး ပြားေရး အဆင္မေျပတာတို႔ ဆိုရင္ ဒီဂါထာကို ‘အိမ္ ဘုရားစင္ေရွ႕မွာ ထိုင္ၿပီးေတာ့’ ‘မနက္တစ္ပတ္၊ ညေန တစ္ပတ္’ (၁ဝ၈)လုံးပုတီးနဲ႔ စိပ္ရပါတယ္။

ထူးျခားခ်က္က အိမ္ဘုရားစင္မွာထိုင္ၿပီး မစိပ္လို႔ကေတာ့ ေငြ အင္ မတန္ဝင္တတ္ေပမယ့္ ဝင္သမွ်ေငြ မၿမဲတတ္ပါဘူးဗ်ာ။

Credit-ဆရာဦးေအာင္သန္း

Unicode

မှန်ကန်စွာရွတ်ပါကအကျိုးထူးရစေနိုင်သလိုမမှန်မကန်ရွတ်ပါကဘဝပင်ပျက်သွားနိုင်သောငွေအလွန်ဝင်လာဘ်ရွှင်စေသောဂါထာတော်ကြီး

ပြောပြန်ရင်လည်းမဂ္ဂဇင်းတွေ မှိုလိုပေါက်လာတဲ့အချိန်မှာ မြန်မာပြည် တစ်ဝှမ်းလုံး ဂါထာ၊ မန္တာန်၊ အင်း၊ အိုင်၊ လက်ဖွဲ့၊ ခါးလှဲ့တွေ မှိုလို ပေါက်နေပါတယ်။

ပြောချင်တဲ့စကားက ဦးခန္တီရဲ့ ငွေဝင်ဂါထာ ဆိုပြီး တစ်နေရာမှာ ဖော်ပြလိုက်၊ နောက် တစ်နေရာကျတော့ အဲဒီဂါထာဟာ ဦးခန္တီ ရေးခဲ့တာမဟုတ်ဘူး။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ် ကြီး မြို့နယ် သံဃာ့နာယကဥ က္ကဋ္ဌ ဆရာတော်က သူရေးတယ်လို့ သက်သေတွေနဲ့ ထုတ်လိုက်။

၂ဝဝ၆ ခုနှစ်လောက်မှာ မန္တလေးမြို့မှာ သရောဒယ ဗေဒင်ပ ညာရှင် အင်္ဂလိပ်စကားပြော သင်တဲ့ ကိုစိန်ဝင်းက ကျွန်တော့်ကို ဂါထာ တစ်ပုဒ်ပေးခဲ့တယ်။ ငွေအလွန်ဝင် လာဘ်ရွှင်စေသော ဂါထာတော်ကြီး… တဲ့။

၂ဝ၁၁-၁၂ ခုနှစ်လောက်မှာ တစ် နေ့ကို ပုတီး(၂)ပတ်၊ (၃)ပတ် စိပ်ဖြစ်တယ်။ ကားစီးသွားရင်း လည်းစိပ်၊အိပ်နေရင်းလည်းစိပ်၊ ရထားစီးနေရင်းလည်း စိပ်…။ စိပ်လိုက်တဲ့ ပုတီးပတ် နည်း နည်းနောနော မဟုတ်ဘူး။

ကျွန်တော်တောင် ဗေဒင်မေးတဲ့သူတွေကို လက်ဆောင် ပေးဖြစ်တယ်။ မိတ်ဆွေတွေကိုလည်း တွေ့တဲ့နေရာတိုင်းမှာ စိပ်ခိုင်းဖြစ်ခဲ့တယ်။

အဲဒီဂါထာက ပေးတဲ့ သုက္ခကိုကျွန်တော် နားမလည်ခဲ့ဘူးမရဘူးလား မမေးနဲ့၊ မဝင်ဘူးလား မပြောနဲ့၊ မလုပ်ရဘူးလား မပြောနဲ့၊ သွက်သွက်ကို ခါနေတာပဲ။

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ကိုမင်းနိုင်နဲ့ စကားပြောဖြစ်တဲ့ အ ချိန်’ဦးလေး..အဲဒီဂါထာကို ရောက် တဲ့နေရာ၊ တွေ့တဲ့နေရာမှာ မစိပ်ပါနဲ့။ နည်းနည်းလေး ဝင်ပြီး များများကြီး ပိတ်သွားတတ်တယ်။

ဝင်သမျှ၊ ဖြစ်သမျှ ကိစ္စတွေလည်း မမြဲဘူး။ မအောင်မြင်ဘူး။ အောင်မြင်ချင်ရင် ပုဒ်ဖြတ်၊ ပုဒ်ကျ အတိအကျနဲ့ ရွတ်ကြည့်ပါ။ တကယ်စွမ်းပါတယ်။ အဲဒီလိုမှ မဟုတ်ခဲ့ရင် အဲဒီဂါထာက ဦး လေးကို ဒုက္ခပေးလိမ့်မယ်။’လို့ ပြောပါတယ်။

ကိုမင်းနိုင် အဲဒီလိုပြောမှ ကျွန် တော် လန့်သွားတယ်။ တကယ်လည်းအဲဒီအတိုင်းဖြစ်နေ ပါတယ် လောကီမှာ ဆရာလုပ်တဲ့သူက သိပ်အရေးကြီးတယ်။

ဆရာက ဒုက္ခပေးလို့ ဘဝ ပျက်သွားတဲ့သူတွေအများကြီး။ အခု အဲဒီဂါထာကို ပြောပါမယ်။ အဲဒီဂါထာကို ပုဒ်ဖြတ်၊ ပုဒ်ထား အတိအကျနဲ့ ရွတ်မှသာလျှင် စွမ်းပါလိမ့်မယ်။

အရဟံ ဗဟိ အန္တ ဇယံ

သုဂတံ အ,မိ,တံ ဝိ,ရ,ဇံ လ,လိ,တံ

အ,တုလံ စရဏံ တိဘဝူ,ပ,သမံ

ယမကံ သုခဒံ သရဏံ ပ,နမာမိ ဇိနံ။

‘,’ရှေ့က စကားလုံးတွေ အားလုံးကို ပီပီသသ ထင်ထင်ရှားရှား ရွတ်ရပါမယ်တဲ့။ ရေးတော့အမှန်၊ ဖတ်တော့အသံ ဆိုပြီး ‘တစ်ကျပ်’ ကို ‘ဒဂျပ်’လို့ အသံထွက်သလို ဒီဂါထာမှာ အသံကို ရောပြီး ထွက်တာမျိုး မလုပ်ရပါဘူးတဲ့။

ပြီးတော့ ‘ရ’တွေကို (Ra) လို့ အသံထွက်ရပါမယ်။ဒီဂါထာကို ဦးခန္တီ လာဘ်ဖွင့်ဂါထာအဖြစ်လည်း လူသိများကြပါတယ်။ ရ သေ့ကြီး ဘုရားတွေတည်နေတာ ဘယ်ကရတဲ့ ပိုက်ဆံလဲ လို့အ မေးခံရတော့

ဒီဂါထာကို ပုတီးစိပ်ပြတာ ပုတီးတစ်ပတ်မပြည့်မှီ မှာပဲ လူတွေအများကြီးလာပြီး အလှူငွေ ထည့်တယ်ဆိုပဲ။ဒီဂါထာမှာ ထူးခြားတာတွေကို ကျွန်တော်သိသလောက် ပြောပါဦးမယ်။

၁။စိတ်ငြိမ်ငြိမ်ထားပြီး အ သံ ထွက်မှန်မှန်နဲ့ ဆယ်ကြိမ်လောက် ရွတ်မိရင်ကိုပဲ စိတ် ကြည်နူးလန်း ဆန်းလာတာ တွေ့ရပါလိမ့်မယ်။ အဲဒါ ဆန်းဂိုဏ်းတွေအရ ဂါထာ ဖွဲ့စည်းမှု ထူးခြားချက်ပါ။

၂။ဒီဂါထာကို ပုတီးမစိပ်မီမှာ ဘု ရားကန်တော့၊ သီလယူ၊ ဘုရားကို လှူဖွယ်တစ်ခုခု၊ အနည်းဆုံး သောက် တော်ရေလေး တစ်ခွက်ပဲဖြစ်ဖြစ်ပေါ့လေ ရိုသေစွာ လှူ ဒါန်းပြီးမှ ပုတီးစိပ်ရပါသတဲ့။

၃။ဒီဂါထာကို ရိုသေစွာ ပုံမှန် ပု တီးစိပ်နေသူများဟာ စီးပွားရေးအရ ဘယ်လောက်ပဲ နိမ့်ကျ နွမ်း ပါးနေပါစေ၊ သူဟာ တစ်နေ့တစ်ခြား စီးပွားတက်လာပြီး ဘုရားဒကာ၊ သိမ်ဒကာ၊ ကျောင်းဒကာ ထင်ထင်ရှားရှား ဖြစ်ခွင့်ရလာပါသတဲ့။

၄။ဇာတာအရ အသက်တိုသူ ဒီဂါထာကို ပုတီး ပုံမှန်စိပ်တော့ နှစ် (၂ဝ)ကျော်လောက် ကျန်းကျန်း မာမာ၊ ချမ်းချမ်းသာသာ အသက်ပိုရှည်လာတာ တွေ့ရပါသတဲ့။

၅။အကြွေးမဆပ်နိုင်တာတို့၊ စီး ပွားရေး အဆင်မပြေတာတို့ ဆိုရင် ဒီဂါထာကို ‘အိမ် ဘုရားစင်ရှေ့မှာ ထိုင်ပြီးတော့’ ‘မနက်တစ်ပတ်၊ ညနေ တစ်ပတ်’ (၁ဝ၈)လုံးပုတီးနဲ့ စိပ်ရပါတယ်။

ထူးခြားချက်က အိမ်ဘုရားစင်မှာထိုင်ပြီး မစိပ်လို့ကတော့ ငွေ အင် မတန်ဝင်တတ်ပေမယ့် ဝင်သမျှငွေ မမြဲတတ်ပါဘူးဗျာ။

Credit-ဆရာဦးအောင်သန်း