သနပ္ခါးကို တႏွစ္ပတ္လုံး မႈိမတက္ေအာင္ လုပ္နည္း

Zawgyi

သနပ္ခါးကို တႏွစ္ပတ္လုံး မႈိမတက္ေအာင္ လုပ္နည္း

သနပ္ခါးခ်စ္သူ အမ်ိဳးတို႔ေရ ဒီေန႔ ေနလဲသာသမို႔ ဗဟုသုတ ေလးတခုလုပ္ရေအာင္လား။

သနပ္ခါးေတြလိမ္းမကုန္ခင္ ဒီတိုင္းထားမယ့္အစား ေရ ဗႊမ္းဗြမ္းဆူတဲ့အထဲ ထည့္ျပဳတ္ၿပီး ခဏအၾကာ ျပန္ဆယ္ေရေအးနဲ႔စိမ္ၿပီးပဒပ္အႏုေလးနဲ႔ တိုက္ေဆးေရစစ္ေနလွမ္းထားလိုက္ပါ။

ေနပူနဲ႔ေျခာက္ေအာင္လွမ္းေနာ္။သနပ္ခါးနံ႔ေလး မယုံႏိုင္ေအာင္ေမႊးေနတာေတြ႕ရမွာပါ။ မႈိလည္း မတက္ေတာ့ဘူးေနာ္ တႏွစ္ပတ္လုံးထားထား ရၿပီေနာ္။ ဒီေန႔ လုပ္ျဖစ္တဲ့ ဗဟုသုတေလး အမ်ိဳးေတြကိုမွ်ေဝပါတယ္ေနာ္ လုပ္ၾကည့္လိုက္ပါေနာ္။

ျမန္မာ့သနပ္ခါးရဲ႕ အသုံးဝင္ပုံမ်ား

ေန႔စဥ္လိမ္းေနၾကတဲ့ သနပ္ခါးခ်စ္သူေလးေတြအတြက္ သနပ္ခါးရဲ႕ အသုံးဝင္ပုံေလးေတြ ေျပာျပမယ္ေနာ္…။

သနပ္ခါးမွာ အသားအရည္ အတြက္ ေကာင္းက်ိဳးမ်ားစြာရွိပါတယ္… ။ a n t i – i n f l a m m a t o r y နဲ႔ a n t i -o x i d a n t s ဓါတ္ေတြပါဝင္လို႔ အိုမင္းရင့္ေရာ္ျခင္းမွ ကာကြယ္ေပးၿပီး၊ ဝက္ၿခံနဲ႔ ေနေရာင္ျခည္ဒဏ္ေၾကာင့္ျဖစ္ေပၚေသာ အသားအေရ ပ်က္စီးျခင္းကိုလည္း ကာကြယ္ေပးပါတယ္…။

ဒါ့အျပင္ အဆီျပန္ျခင္းကို ထိန္းေပးၿပီး အမဲစက္နဲ႔ အနီကြက္မ်ားကိုလည္း ေလ်ာ့ခ်ေပးပါတယ္…။ သနပ္ခါးသည္ ငန္းမန္းကို ႏိုင္ေစသည့္အျပင္ အပူနာ,အေအးနာ ႏွစ္မ်ိဳးလုံးတြင္ သုံးႏိုင္သည္ ။

သနပ္ခါးအပင္၏ အ႐ြက္၊ အသီး၊ ပင္စည္၊ အျမစ္ အားလုံးသည္ အသုံးဝင္သည္ ဟု ျမန္မာေဆးက်မ္းတို႔၌ ေဖာ္ျပထားခဲ့သည္။ ဒါ့အျပင္ အေရျပား၌ ျဖစ္တတ္ေသာ မိတ္ဖု၊ အင္ပ်ဥ္၊ ယားနာတို႔ ျဖစ္ခဲ့လွ်င္လည္း

သနပ္ခါးကို အရည္က်ဲက်ဲ ရေအာင္ေသြးၿပီး ဆားျဖင့္ ေရာကာ လိမ္းတတ္ၾကသည္။ငွက္ဖ်ား၊ ဝက္႐ူးျပန္၊ ႏွလုံးႏွင့္ အစာအိမ္ေရာဂါတို႔ ျဖစ္ခဲ့လွ်င္လည္း သနပ္ခါးကို ေဆးအျဖစ္ အသုံးျပဳႏိုင္သည္။

ဝမ္းႏုတ္ေဆး၊ ေခြၽးထုတ္ေဆး ေဖာ္စပ္ရာ၌လည္း သနပ္ခါးျမစ္ကို အသုံးျပဳတတ္ၾကသည္။အျမစ္ကိုေသြး၍ ေန႔စဥ္မွန္မွန္ လိမ္းေပးပါက အသားအေရ ႏူးညံ့ ေခ်ာေမြ႕ေစ၏ဟုလည္း အဆိုရွိသည္။

ဒါေၾကာင့္ သနပ္ခါးသည္ ေဆးဖက္ဝင္ၿပီး အက်ိဳးမ်ားစြာရွိသည့္အျပင္ မိမိအသားအရည္အတြက္မ်ားစြာ အေထာက္အကူျပဳေသာ ေဆးဖက္ဝင္အပင္တစ္မ်ိဳးပင္ျဖစ္ပါသည္ ။

Credit to KK

Unicode

သနပ်ခါးကို တနှစ်ပတ်လုံး မှိုမတက်အောင် လုပ်နည်း

သနပ်ခါးချစ်သူ အမျိုးတို့ရေ ဒီနေ့ နေလဲသာသမို့ ဗဟုသုတ လေးတခုလုပ်ရအောင်လား။

သနပ်ခါးတွေလိမ်းမကုန်ခင် ဒီတိုင်းထားမယ့်အစား ရေ ဗွှမ်းဗွမ်းဆူတဲ့အထဲ ထည့်ပြုတ်ပြီး ခဏအကြာ ပြန်ဆယ်ရေအေးနဲ့စိမ်ပြီးပဒပ်အနုလေးနဲ့ တိုက်ဆေးရေစစ်နေလှမ်းထားလိုက်ပါ။

နေပူနဲ့ခြောက်အောင်လှမ်းနော်။သနပ်ခါးနံ့လေး မယုံနိုင်အောင်မွှေးနေတာတွေ့ရမှာပါ။ မှိုလည်း မတက်တော့ဘူးနော် တနှစ်ပတ်လုံးထားထား ရပြီနော်။ ဒီနေ့ လုပ်ဖြစ်တဲ့ ဗဟုသုတလေး အမျိုးတွေကိုမျှဝေပါတယ်နော် လုပ်ကြည့်လိုက်ပါနော်။

မြန်မာ့သနပ်ခါးရဲ့ အသုံးဝင်ပုံများ

နေ့စဉ်လိမ်းနေကြတဲ့ သနပ်ခါးချစ်သူလေးတွေအတွက် သနပ်ခါးရဲ့ အသုံးဝင်ပုံလေးတွေ ပြောပြမယ်နော်…။

သနပ်ခါးမှာ အသားအရည် အတွက် ကောင်းကျိုးများစွာရှိပါတယ်… ။ a n t i – i n f l a m m a t o r y နဲ့ a n t i -o x i d a n t s ဓါတ်တွေပါဝင်လို့ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပြီး၊ ဝက်ခြံနဲ့ နေရောင်ခြည်ဒဏ်ကြောင့်ဖြစ်ပေါ်သော အသားအရေ ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးပါတယ်…။

ဒါ့အပြင် အဆီပြန်ခြင်းကို ထိန်းပေးပြီး အမဲစက်နဲ့ အနီကွက်များကိုလည်း လျော့ချပေးပါတယ်…။ သနပ်ခါးသည် ငန်းမန်းကို နိုင်စေသည့်အပြင် အပူနာ,အအေးနာ နှစ်မျိုးလုံးတွင် သုံးနိုင်သည် ။

သနပ်ခါးအပင်၏ အရွက်၊ အသီး၊ ပင်စည်၊ အမြစ် အားလုံးသည် အသုံးဝင်သည် ဟု မြန်မာဆေးကျမ်းတို့၌ ဖော်ပြထားခဲ့သည်။ ဒါ့အပြင် အရေပြား၌ ဖြစ်တတ်သော မိတ်ဖု၊ အင်ပျဉ်၊ ယားနာတို့ ဖြစ်ခဲ့လျှင်လည်း

သနပ်ခါးကို အရည်ကျဲကျဲ ရအောင်သွေးပြီး ဆားဖြင့် ရောကာ လိမ်းတတ်ကြသည်။ငှက်ဖျား၊ ဝက်ရူးပြန်၊ နှလုံးနှင့် အစာအိမ်ရောဂါတို့ ဖြစ်ခဲ့လျှင်လည်း သနပ်ခါးကို ဆေးအဖြစ် အသုံးပြုနိုင်သည်။

ဝမ်းနုတ်ဆေး၊ ချွေးထုတ်ဆေး ဖော်စပ်ရာ၌လည်း သနပ်ခါးမြစ်ကို အသုံးပြုတတ်ကြသည်။အမြစ်ကိုသွေး၍ နေ့စဉ်မှန်မှန် လိမ်းပေးပါက အသားအရေ နူးညံ့ ချောမွေ့စေ၏ဟုလည်း အဆိုရှိသည်။

ဒါကြောင့် သနပ်ခါးသည် ဆေးဖက်ဝင်ပြီး အကျိုးများစွာရှိသည့်အပြင် မိမိအသားအရည်အတွက်များစွာ အထောက်အကူပြုသော ဆေးဖက်ဝင်အပင်တစ်မျိုးပင်ဖြစ်ပါသည် ။

Credit to KK