ေနထီးေဆာင္းျခင္းႏွင့္ ပက္သက္ၿပီး ျဖစ္ေပၚလာတတ္သည့္ ေရွးအဆိုအမိန္႔မ်ား

Zawgyi

ေနထီးေဆာင္းျခင္းႏွင့္ ပက္သက္ၿပီး ျဖစ္ေပၚလာတတ္သည့္ ေရွးအဆိုအမိန္႔မ်ား

ေနထီးေဆာင္းျခင္ ဤအခ်င္းအရာမွာ သက္တံတစ္မ်ိဳးပင္ ျဖစ္ေပသည္။

ဤသို႔ ျဖစ္ျခင္းမွာ အလြန္ျမင့္မားေသာေ ကာင္းကင္၌ ေရခဲပြင့္ ကေလးမ်ား ပါဝင္ေသာအလႊာရွိေနစဥ္ အလြန္ေသးငယ္ေသာ ေရလုံးျမဴေပါက္ကေလးမ်ား ပါဝင္သည့္ တိမ္လႊာမ်ားခပ္နိမ့္နိမ့္ေနရာ၌ ဆိုင္းလ်က္ရွိစဥ္

အဆိုပါေ ရခဲပြင့္ႏွင့္ ေရလုံးကေလးမ်ားကို ေနႏွင့္လတို႔မွ အလင္းတန္းမ်ား ထြင္းေဖာက္ရာမွ အလင္းယိုင္ျခင္းေၾကာင့္ ျဖစ္ေလသည္။

ႏွင္းက်ေနခ်ိန္တြင္ လမ္းဓာတ္မီးလုံးကို ၾကည့္လွ်င္လည္း အလားတူ ထီးေဆာင္းလ်က္ရွိပုံမ်ိဳးကို ကြၽႏ္ုပ္တို႔ ေတြ႕ျမင္ရတတ္ေလသည္။

ေနအိမ္ဖြဲ႕ျခင္း ေနထီးေဆာင္းျခင္းႏွင့္ ပါတ္သက္၍ေရွးလူႀကီးမ်ားက ဤသို႔ဆိုမိန္႔ခဲ့ၾကသည္။

တနဂၤေႏြေန႔တြင္ ေန အိမ္ဖြဲ႕ပါက ျပည္႐ြာ မီးေလာင္မႈေပါမ်ား၏၊ မိုးေခါင္ ေရရွားတတ္၏။

တနလၤာေန႔ မင္းဘ႑ာ တိုးပြား၏၊ေကာက္ပဲသီးႏွံ အထြက္ေလ်ာ့တတ္၏။

အဂၤါေန႔ လူသူ အေသအေပ်ာက္မ်ား၏။ေလမုန္တိုင္းေဘး ေရာက္တတ္၏။

ဗုဒၶဟူးေန႔ စစ္မက္ေဘးရန္ မ်ား၏၊ေရႀကီးတတ္၏။

ၾကာသပေတးေန႔ မင္းကိုအမတ္တို႔လုပ္ႀကံတတ္၏၊ တိုင္းျပည္ဘ႑ာတိုးတတ္၏။

ေသာၾကာေန႔ ေ႐ႊေငြရတနာ ေပါမ်ားတတ္၏။ျပည္႐ြာ စည္ကားတတ္၏။

စေနေန႔ ရန္ေဘးကင္း၍ မိုးေကာင္းတတ္၏။ျပည္သူေတြ ေသာကပြားတတ္၏။

ေနထြက္ခ်ိန္တြင္ ေန အိမ္ဖြဲ႕ပါက မင္း၌ ရန္မ်ား၏။

ထမီဝတ္တို႔ ကိုယ္က်င့္တရား ပ်က္တတ္၏။

ငတ္မြတ္ေခါင္းပါး တတ္၏။ မြန္းတည့္ခ်ိန္ဖြဲ႕မူေလာပါလနတ္ ေစာင့္ေရွာက္တတ္၏။

ေနဝင္ခ်ိန္တြင္ ေန အိမ္ဖြဲ႕ပါက စစ္သူႀကီး၌ရန္မ်ားတတ္၏။

က်ယ္ဝန္းလွစြာ ဖြဲ႕လွ်င္ျပည္႐ြာ ေျခာက္ျခားတတ္၏။ ဟုေရွးဆို႐ိုးစကား ရွိခဲ့ပါသည္။

credit

Unicode

နေထီးဆောင်းခြင်းနှင့် ပက်သက်ပြီး ဖြစ်ပေါ်လာတတ်သည့် ရှေးအဆိုအမိန့်များ

နေထီးဆောင်းခြင် ဤအချင်းအရာမှာ သက်တံတစ်မျိုးပင် ဖြစ်ပေသည်။

ဤသို့ ဖြစ်ခြင်းမှာ အလွန်မြင့်မားသောေ ကာင်းကင်၌ ရေခဲပွင့် ကလေးများ ပါဝင်သောအလွှာရှိနေစဉ် အလွန်သေးငယ်သော ရေလုံးမြူပေါက်ကလေးများ ပါဝင်သည့် တိမ်လွှာများခပ်နိမ့်နိမ့်နေရာ၌ ဆိုင်းလျက်ရှိစဉ်

အဆိုပါေ ရခဲပွင့်နှင့် ရေလုံးကလေးများကို နေနှင့်လတို့မှ အလင်းတန်းများ ထွင်းဖောက်ရာမှ အလင်းယိုင်ခြင်းကြောင့် ဖြစ်လေသည်။

နှင်းကျနေချိန်တွင် လမ်းဓာတ်မီးလုံးကို ကြည့်လျှင်လည်း အလားတူ ထီးဆောင်းလျက်ရှိပုံမျိုးကို ကျွန်ုပ်တို့ တွေ့မြင်ရတတ်လေသည်။

နေအိမ်ဖွဲ့ခြင်း နေထီးဆောင်းခြင်းနှင့် ပါတ်သက်၍ရှေးလူကြီးများက ဤသို့ဆိုမိန့်ခဲ့ကြသည်။

တနင်္ဂနွေနေ့တွင် နေ အိမ်ဖွဲ့ပါက ပြည်ရွာ မီးလောင်မှုပေါများ၏၊ မိုးခေါင် ရေရှားတတ်၏။

တနင်္လာနေ့ မင်းဘဏ္ဍာ တိုးပွား၏၊ကောက်ပဲသီးနှံ အထွက်လျော့တတ်၏။

အင်္ဂါနေ့ လူသူ အသေအပျောက်များ၏။လေမုန်တိုင်းဘေး ရောက်တတ်၏။

ဗုဒ္ဓဟူးနေ့ စစ်မက်ဘေးရန် များ၏၊ရေကြီးတတ်၏။

ကြာသပတေးနေ့ မင်းကိုအမတ်တို့လုပ်ကြံတတ်၏၊ တိုင်းပြည်ဘဏ္ဍာတိုးတတ်၏။

သောကြာနေ့ ရွှေငွေရတနာ ပေါများတတ်၏။ပြည်ရွာ စည်ကားတတ်၏။

စနေနေ့ ရန်ဘေးကင်း၍ မိုးကောင်းတတ်၏။ပြည်သူတွေ သောကပွားတတ်၏။

နေထွက်ချိန်တွင် နေ အိမ်ဖွဲ့ပါက မင်း၌ ရန်များ၏။

ထမီဝတ်တို့ ကိုယ်ကျင့်တရား ပျက်တတ်၏။

ငတ်မွတ်ခေါင်းပါး တတ်၏။ မွန်းတည့်ချိန်ဖွဲ့မူလောပါလနတ် စောင့်ရှောက်တတ်၏။

နေဝင်ချိန်တွင် နေ အိမ်ဖွဲ့ပါက စစ်သူကြီး၌ရန်များတတ်၏။

ကျယ်ဝန်းလှစွာ ဖွဲ့လျှင်ပြည်ရွာ ခြောက်ခြားတတ်၏။ ဟုရှေးဆိုရိုးစကား ရှိခဲ့ပါသည်။

credit