
Zawgyi










Unicode

တစ်ပတ်လောက်လုပ်ကြည့်ရင်ကို ငွေဝင်လွယ်စေမဲ့ လာဘ်ပွင့်ခေါင်းလောင်းယတြာ

အနောက်နိုင်ငံများတွင် ကြေး၊ သံ စသော သတ္တုပစ္စည်းများကို တိုက်စစ်၊ ခံစစ်သုံး လက်နက်များအဖြစ် ထုတ်လုပ်ခဲ့ကြသော်လည်း မြန်မာအပါအဝင် အရှေ့တိုင်းနိုင်ငံများတွင်

ဘာသာရေးနှင့် သာသနိက ပစ္စည်းများကို ပိုမိုထုတ်လုပ်ခဲ့ကြဟန် ရှိသည်ဟု သုတေသီတို့က ဆိုကြသည်။ မြန်မာနိုင်ငံတွင် ကြေးသွန်းလုပ်ငန်းကို ပန်းတဉ်း ဟု ရှေ့မှ ‘ပန်း’ တပ်၍ တလေးတစား ခေါ်ဝေါ်ကြပါတယ်။

မြန်မာတို့အတွက် ခေါင်းလောင်းကြီးငယ်နဲံ ကြေးစည်သံတို့မှာ ကြည်နူးစရာဖြစ်ပါတယ်။ ကျေးရွာများတွင် နံနက်ခင်း ကြေးစည်သံကြားလျှင် ရွာဦးကျောင်းမှ ကိုရင်များနှင့် ကျောင်းသားများဆွမ်းခံထွက်လာကြပြီကိုသိ၍ အိမ်ရှင်မတို့ ကြည်နူးဝမ်းမြောက်ခြင်း ဖြစ်ရသည်။

မွန်းတည့်ခေါင်းလောင်းသံ ကြားရသောအခါ မိမိတို့လှုလိုက်သော ခဲဖွယ်ဘောဇဉ်တို့ကို ရဟန်းမြတ်တို့ ဘုန်းပေးပြီးကြောင်းသိရပြီး ဝမ်းသာပီတိဖြစ်ကြရပါသည်။

ညည့်ဦးယံ ကြေးစည်သံကြားရသူတိုင်း ဘုရားဝတ်ပြုပြီးကြောင်း သိကြပြီး သာဓုသုံးကြိမ် ခေါ်ပြီး အမျှဝေကြသည်။မနက်အိပ်ယာထမိမိအိမ်တံခါးတွေကိုဖွင့်တဲ့အခါအိမ်တံခါးမကြီးပြတင်းတံခါးတွေကိုဖွင့်တိုင်

“ဧဟိ မိတ်တံ၊ဧဟိ ဓနံ၊ဧဟိ လာဘံ၊ဧဟိ သုခံ၊ဧဟိ ဇေယျသုခမဂ်လံ”ဂါထာကို(၂၄)ခေါက်ရွတ်ဆိုပါ။

ရွတ်ဆိုပြီးတဲ့အခါမှခေါင်းလောင်းလေးကို( ၄ )ကြိမ်တိတိလှုပ်ပြီးတီးပေးပါ။ခေါင်းလောင်းလေးကိုလက်နဲ့ကိုင်လှုပ်နေစဉ်မှာပါးစပ်ကနေ”ငွေဝင်ငွေလာ၊ငွေဝင် ငွေလာ”လို့မတိုးမကျယ်လေးဆိုနေပေးပါ။

တစ်ပတ်လောက်လုပ်ကြည့်ရင်ကိုပိတ်နေတဲ့လာဘ်လာဘတွေ ပွင့်လာမယ်။ငွေဝင်လွယ်စေမဲ့ အလုပ်လေးတွေရလာပါလိမ့်မယ်သင့်လိုဘဲလိုချင်သူတွေကိုမျှဝေပေးလိုက်ပါ။