သံပုရာသီးပေါနေလို့ နောင်တရနေသူများအတွက် သံပုရာသီး ဆားရည်စိမ် အခြောက်လှမ်းနည်း
Zawgyi သံပုရာသီးတွေပေါနေတဲ့အချိန် သံပုရာသီးသနပ်လုပ်ထားကြမယ် ပြုလုပ်နည်း သံပရာသီးကိုရေဆေးပြီးအလုံးလိုက်ကိုလေးစိတ်စီပြတ်အောင်လှီးထားပါ ဆားနှင့်နယ်ပါ သံပရာသီးလှီးပြီးသား ၁ပိသာဆိုရင်ဆား ၅ ကျပ်သားထည့်နယ်ပါ အငံကအနေတော်နှင့်တာရှည်ထားလို့ရပါတယ် ဆားနယ်ပြီးသားသံပရာသီးကိုပုလင်းမှာဖြစ်စေပလပ်စတစ်ဘူးမှာဖြစ်စေထည့်ပြီးအဖုံးလုံအောင်ပိတ်ထားပါ အောက်ကဆားရည်အပေါ်ကသံပရာသီးနှင့်ထိအောင်တနေ့တခါလောက်ဘူးကိုလှုပ်ပေးလှန်ပေပါ နေရောင်မပြပဲအခန်းထဲမှာထားလည်းရပါတယ် ရက် ၂၀ ကျော် တလလောက်မှသံပုရာသီးကနူးနပ်ပါတယ် သံပုရာသီးနူးနပ်မှဒယ်အိုးတခုမှာဆီထည့်ပြီးအပူပေးကာဆီပူလာရင်မုန်ညှင်းစေ့ကိုထည့်ပါ မုန်ညှင်းစေ့ဖေါက်ဖေါက်မြည်လာရင်မီးလျော့ပြီးဆီနွေးနွေးမှာမဆလာမွှေးမှုန့်ထည့်ပါ
Read more